Tuesday, September 11, 2012

***အာဇာနည်နေ့ကိုဖြင့်... မမေ့သင့်ပါပြီ***



ကျွန်မတို့ငယ်ငယ်ကဆို အာဇာနည်နေ့ဆိုရင်
အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊  နံနက် (၁၀) နာရီ (၃၇) မိနစ်
အချိန်ကိုရောက်ရင် ရန်ကုန်တမြို့လုံး ဥသြဆွဲတဲ့အသံတွေ ဖုံးလွှမ်းနေ တတ်ပြီး၊ ရေဒီယိုကပါ
ဥသြဆွဲတဲ့အသံတွေ အသံလွှင့်ပေးပါတယ်။ အဲဒီ ဥသြဆွဲတဲ့အသံ ပေါ်ထွက်လာတာနဲ့တပြိုင်နက်ထဲ
လမ်းပေါ်မှာ မောင်းနှင်နေ တဲ့ မော်တာ် ကားတွေ ရောက်ရာနေရာမှာ အရိုအသေပေးတဲ့အနေနဲ့ ရပ်တန့်ပြီး
ဂါရ၀ပြုကြပါတယ်လို့ကျွန်မဖေဖေပြောတာကြားဖူးခဲ့တယ်။
ကျွန်မတို့ခေတ်ရောက်လာတော့ ရေဒီယိုကသီချင်းရယ်..တီဗိမှာအာဇာနည်ဗိမာန်သွားပြီးအလေးပြုတာတွေ
တွေ့ရပါတယ် ။ဒီဘက်ခေတ်မှာတော့....ကလေးတွေက အာဇာနည်နေ့ဘာဆိုတာ.........

အာဇာနည်နေ့ဆိုလျှင် ၀မ်းနည်းယူကျုံးမရစရာ၊
တမ်းတလှိုက်မောစရာ နေ့တစ်နေ့အဖြစ် မြန်မာပြည်သူပြည်သားများ  မေ့လျော့ထားပုံ ပေါက်နေပေသည်။
အာဇာနည်နေ့" သည် မြန်မာ့လွတ်လပ်ရေးကို ကြိုးပမ်းရာတွင် ရှေ့တန်းမှ ဦးဆောင်ခဲ့သည့် ပုဂ္ဂိုလ်ကြီးများ
လွတ်လပ်ရေးကြိုးပမ်းနေစဉ် ရလုရခါနီးတွင် အသက်ပေးသွားသည်အထိမ်းအမှတ်နေ့လေးတစ်နေ့ဖြစ်ပါသည်။

မိမိနိုင်ငံကို လိုချင်မက်မောသောကြောင့် သိမ်းပိုက်ထားခဲ့သည့် နယ်ချဲ့တို့လက်အောက်မှ လွတ်မြောက်ရန်

ကြိုးပမ်းမှုတိုင်းတွင် စွန့်လွှတ်အနစ်နာခံရသည့် ပုဂ္ဂိုလ်များစွာ ရှိမြဲဖြစ်ရာ အသက်သွေးချွေး စတေးခဲ့ရသည့်
အညတရပုဂ္ဂိုလ်များနှင့်ပါ အာဇာနည်နေ့သည် သက်ဆိုင်ပါသည်။


"အာဇာနည်နေ့" သည် မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် မိမိအသက်ကိုပင်ပဓာနမထားအသက်ကိုပင်ပေးကာ

စွန့်လွှတ်သွားသောသူများကို ဂုဏ်ပြုထားတဲ့နေ့တစ်နေ့ဖြစ်ပါသည်.။
အာဇာနည်ဆိုတာ တိုင်းပြည်တိုင်းမှာရှိပါတယ်။ အာဇာနည်တွေရဲ့သမိုင်းဟာ ကျောက်ထက်အက္ခရာတင်ထားဖို့
လိုသလို လက်ဆင့်ကမ်းပေးဖို့  မျိုးဆက်တိုင်းမှာ တာဝန်ရှိတယ်လို့လဲ ကျွန်မထင်မြင်ယူဆမိပါတယ်။
အာဇာနည်ဆိုတာကို ခုခေတ်ကလေးတွေမေ့နေလောက်ပါပြီ
အာဇာနည် ဆိုတာ အဆိုတော်လားတောင် ကလေးတွေ မေးနေကြတဲ့အဖြစ်
ဒီတော့ သိတဲ့လူကြီးတွေအနေနဲ့လက်ဆင့်ကမ်းလို့
အာဇာနည်ဆိုတာ
 စွန့်ရဲသည့်သတ္တိ၊ လက်ရုံးရည် နှလုံးရည်၊ မိမိအသက်ကို ပဓာနမထား တိုင်းပြည်နဲ့လူမျိုးအတွက်
သက်စွန့်သွားတဲ့ မျိုးချစ် အာဇာနည်ကိုးဦး ဆိုတာ 
ကလေးတွေရင်ထဲတံဆိပ်ခတ်နှိပ်ပေးဖို့တိုက်တွန်းလိုက်ပါတယ်။

♥နှလုံးသား...ဒိုင်ယာရီ♥

အမှတ်တမဲ့နဲ့ တွေ့ဆုံခြင်းအစကနေ
 
အမှတ်တရ နှလုံးသားဒိုင်ယာရီတစ်အုပ်ဖြစ်ခဲ့မယ်လို့ ယုံတောင်မယုံကြည်မိခဲ့ပါဘူး။
အချစ်ဆိုတဲ့အရာကဘ၀ပျက်စေနိုင်ပေမယ့် အချစ်မပျက်အောင် အရာရာကိုထိန်းချုပ်ခဲ့ပါတယ်
အချိန်တွေကုန်သွားပေမယ့်  သတိရစရာတွေကတော့
 
ဘယ်အချိန်ရောက်ရောက်ရင်ထဲမှာကိန်းအောင်းနေဆဲ။
တိုနှစ်ယောက်ရဲ့ နှလုံးသားရင်တွင်းစကားတွေပြောတတ်တဲ့ ချစ်သူဆုံစည်းရာဒီနေရာလေးလည်းခုတော့
အသက်မဲ့နေခဲ့။
ထိုင်ခုံလေးလည်းအခုတော့ ဘယ်သူတွေအတွက်ရင်ခုန်ခြင်းရဲ့ ဆုံတွေ့ရာနေရာလေးဖြစ်နေပြီလဲ မသိဘူးနော်။ 
ခုံတန်းလေးရဲ့နောက်ဖက်ကခရေပန်းပင်ကတော့ အရင်အတိုင်းတည်ရှိနေဆဲအရင်အတိုင်း
ရနံ့တွေပြောင်းလဲသွားမှာမဟုတ်ဘူးလို့တော့ငါယုံကြည်ပါတယ်။
  ပြောင်းလဲခြင်းမှာချစ်ခြင်းတွေပြောင်းလဲခဲ့ပေမယ့်ငါနှလုံးသားရဲ့ဒိုင်ယာရီမှာမျက်ရေတွေစွန်းထင်နေဆဲ။
 ချစ်သူရယ် အတူလျှောက်ဖူးတဲ့လမ်းတွေလည်းခုတော့ သစ်ရွက်တွေခြောက်သွေ့နေတယ်။
လမ်းလျှောက်ရင်း ငါ့လက်သန်းတစ်ဖက်က
နင့်လက်သန်းလေးနဲချိတ်ဆွဲထားသလို  ဘေးကိုထွက်ထွက်နေမိတယ်။

အိုး...ငါရှက်လိုက်တာ ..ငါကိုလူတွေလှည့်ကြည့်နေတယ်
ငါကိုလူတွေရူးနေတယ်ထင်မိမလားပဲ။ငါရင်တွေခုန်နေမိတယ်။
မင်းနဲ့လျှောက်ဖူးတဲ့လမ်းလေး ၊မင်းနဲ့သွားဖူးလမ်း၊မင်းနဲထိုင်ဖူးတဲ့ထိုင်ခုံအော်ခုတော့လည်း
ဒဏ္ဍာရီတပုဒ်လိုပါပဲလား။

ဒီအချိန်ဆို မင်းကတော့မင်းချစ်သူနဲ့ကြည်နူးနေမလား၊ဒါမှမဟုတ်ငါကိုလွမ်းဆွတ်နေမလား။
နယူတန်သီအိုရီလို တန်ပြန်သက်ရောက်မူရှိနိုင်ပမလား ၊မေတ္တာကရောင်ပြန်ဟပ်ပမလား။

ချစ်နေမိတာကိုရင်နာစရာနဲ့ဖြေသိမ့်ပေမယ့်လည်း အရာမထင်
ဘ၀သစ်မှာ အချစ်သစ်နဲ့မင်းတွေခဲ့ရင် အဆင်ပြေပါစေဆုတောင်းနေမိတာမင်းအတွက်ပါ။

တစ်ရေးမှ မအိပ်လိုက်ရတဲ့ရက်တွေပိုပို များများလာတယ်။ 
တကယ်ဆိုနင်ကငါ့ကို သံယောဇဉ်တွေ မှာ ချောလဲပြီး အပျော်တွဲခဲ့လေသလားတောင်
မတွေးချင်ပဲ တွေးနေမိတယ်။
ဖူးစာမမှန်လို့ပဲသတ်မှတ်လိုက်ပါတယ်ချစ်သူ။

ချစ်သူရယ်
ရင်နဲ့မဆန့်တဲ့
အလွမ်း
ကာရံတွေကလဲ
နှလုံးသားကိုလာရိုက်တော့
ကဗျာတစ်ပုဒ်နဲ
ရုန်းထဖို့တောင်
အားအင် ပျောက်ဆုံးခဲ့ပြီ
 
ချစ်သူရယ် ဘာပဲ  ဖြစ်ဖြစ်
 
ဘယ်လိုအကြောင်းပဲရှိရှိ
 
မင်းနဲ့ပတ်သက်ပြီး
 
ငါ့ နှလုံးသားနဲ့ရေးခဲ့တဲ့ကဗျာတွေ
နှလုံးသားဒိုင်ယာရီထဲမှာ
 
အမြဲသိမ်းထားပြီ မင်းကိုလွမ်းနေဆဲပါကွယ် ။
 
တို့တွေရဲ့အမှတ်တရချစ်ခဲ့တဲ့ဒိုင်ယာရီကိုငါနှလုံးသားဒိုင်ယာရီမှာမှတ်ထားဆဲပါ။
အားလုံးကိုလေးစားလျှက်
ရှင်းသ့န်မေ
ချစ်သူတိုင်းအချစ်စစ်နဲ့ဆုံစည်းနိုင်ပါစေ

♥´*•♫ကျွန်မတွေ့ရှိခဲ့သော....အချစ်စစ်♥´*•♫ (အစ -အဆုံး) ဇူ

ကျွန်မစိတ်ကူးယဉ်ပြီး..လိုချင်မိတဲ့အချစ်စစ်ပါ။အချစ်စစ်မှာ....အကြောင်းပြချက်မလိုဘူး။
သစ္စာတရား၊နားလည်မူနဲ့မေတ္တာတရားသာလက်ကိုင်ထားရင်..လူတိုင်းကအချစ်စစ်တွေရရှိမယ်လို….
ကျွန်မယုံမိတယ်။ကျွန်မလေ…အချစ်မေတ္တာတရားတော်တော်ကိုမက်မောမိတယ်…ကျွန်မကငယ်ငယ်ကတည်းက…
ရုပ်ဆိုးတော့…ဘယ်သူဦးစားပေးမူမှမရခဲ့ဘူးလေ။ဂျုလိုင်လမှာမွေးတဲ့ကျွန်မကို..မေမေတို့က…မေဂျုလိုင်လို့နာမည်ပေးခဲ့တယ်လေ။
နာမည်ကလှသလောက်…လူနဲ့မလိုက်ပါဘူး။
*************************
ကျွန်မအချစ်စစ်ကို...တွေရလိမ့်လို့တခါမှကိုမမက်ဘူးပါဘူး။....စိတ်ကူးပဲယဉ်မိခဲ့တာပါ။
တကယ့်လက်တွေခံစားရလိမ့်လိုမမျှော်လင့်မိပါဘူး။ကျွန်မမိသားစုမှာ.....
ဖေဖေ၊မေမေကလည်းသားကြီးဖြစ်တဲ့အကိုကြီးကိုပဲ…ပိုချစ်၊ပိုဂရုစိုက်ခဲ့တယ်….
သူတို့ဘာဖြစ်လို့…..ကျွန်မကို…မချစ်ကြမှန်း….ကျွန်မလဲမသိဘူး...
ကျွန်မတိတ်တိတ်လေး…ငိုခဲ့တာလည်းဘယ်သူမှသိဘူး….ဘာဖြစ်လိုကျွန်မကို…မချစ်ကြတာလည်း….မေမေကပြောတယ်..
ကိုကြီးလူချစ်လူခင်…ဇာတာပါတယ်…ဒါကြောင့်သူမျက်နှာလေးက......မျက်နှာမြင်ချစ်ခင်တာတဲ့။

ကျွန်မလေ…ချစ်ခြင်းကိုအရမ်းတမ်းတမိတယ်…မိဘတွေမေတ္တာ...မရဘူးလားမေးရင်..ရပါတယ်။
အကိုကြီးနဲ့တန်းတူ…တော့မရခဲ့ပါဘူး။အကိုတယောက်ရှိပါတယ်…ခိုင်းမယ့်အချိန်သာ…ညီမလေးခေါ်တာ…
ကျွန်မအကိုက…ပွဲစားလေ..ပွဲရှိတုန်းသာစားရပြီး..ပွဲမရှိရင်တော့…ဖေဖေမေမေဆီက..လက်ဖြန့်တုန်း…
.ဖေဖေကရုံးစာရေးလေ..မနက်ဆိုအစောကြီးသတင်းစာလိုက်ပိုတယ်..ကျွန်မကိုအလိုမလိုက်တဲ့…
မမေဖေဖေတို့ကို..အပြစ်မတင်ရက်ပါဘူး..ကျွန်မကိုခုချိန်ထိစာတွေတတ်အောင်…
ဖေဖေမေမေတို့ကျောင်းထားပေးလို့….နေနိုင်တာလေ။ဖေဖေခမျာမနက်ဆို4နာရီထပြီးသတင်းစာသွားယူ
ပြီးရင်ယူမယ့်အိမ်တွေကို…လိုက်ပို့..ဖေဖေကိုကြည့်ပြီးသနားလိုက်တာ…မေမေကလည်း..အိမ်ဆိုင်လေးဖွင့်ထားတယ်လေ…
ကျွန်မတို့ကို…လူအောက်မကျရအောင်ဖေဖေမေမေတို့ကထားပါတယ်.။
ကျွန်မဒါကြောင့်မိုစာကိုကြိုးစားတယ်တနှစ်တတန်းအောင်အောင်ကြိုးစားခဲ့တယ်…
ဖေဖေမေမေတို့ကျေးဇူးကိုဆပ်ချင်လို့လေ။ဖေဖေရဲ့ရှာဖွေတတ်မူ..မေမေရဲထိန်းသိမ်းနိုင်မူကြောင့်..ကျွန်မတို့လူအောက်မကျခဲ့ပါဘူး။

ကျွန်မလောဘကြီးတယ်ပဲပြောပြောကျွန်မကိုအရမ်းချစ်…အရမ်းဂရုစိုက်တဲ့…သူတယောက်တော့..ကျွန်မလိုချင်တမ်းတမိခဲ့တယ်…
သူနဲ့မတွေခင်အထိပေါ့…..သူဆိုတာ..ကျွန်မအပေါ်အရမ်းဂရုစိုက်၊အရမ်းအလိုက်သိတဲ့..ကျွန်မက..ကိုကိုလို့ခေါ်တဲ့..ကိုကိုလမင်းပါပဲ။
ကိုကိုကနာမည်နဲ့…လိုက်အောင်ကို…အရမ်းကိုအေးချမ်း..တည်ကြည်တဲ့ယောကျာ်းကောင်းပါပဲ…ကိုကိုရဲ့ဂရုစိုက်ဖေးမမူကြောင့်..
ကျွန်မပျော်ရွှင်ခဲ့ရပါတယ်…
ကိုကိုကကျွန်မနဲ့တစ်ရပ်ကွက်ထဲလေ..ကိုကိုမိဘတွေက..အရမ်းချမ်းသာတယ်…ကိုကိုမေမေတို့ချမ်းသာပေမယ့်..
မာနမကြီးကြဘူး။ကျွန်မကိုလည်းဖေးမကြတယ်။ကိုကိုတို့မိသားစုကညီအကိုနှစ်ယောက်တည်းလေ…
.ကိုကိုညီကနေမင်း..ကျွန်မနဲ့ရွယ်တူလေ…ဆယ်တန်းကျောင်းသားအတန်းလည်းတူတူပဲ....ကိုကိုဆေးကျောင်းတတ်နေတာလေ
..ဆေးကျောင်းပထမနှစ်..ကိုကိုကစာအရမ်းတော်တာ…ကိုကိုသူညီနဲ့တူတူ…သူတို့အိမ်မှာစာလုပ်ဖို့..ကျွန်
ဖေဖေမေမေဆီလာပြောပေးခဲ့တယ်….ကျွန်မလေကိုကိုကိုလေးလည်းလေးစားမိတယ်..ချစ်လည်းချစ်ခင်မိတယ်.
.ကိုကိုသာအကိုရင်းဖြစ်လိုက်ပါတော့လိုတွေးမိတယ်….ကိုကိုလမင်းရဲ့ကျေးဇူးကြောင့်
ကျွန်မ…10တန်းစာမေးပွဲကို…အောင်မြင်စွာဖြေနိုင်ခဲ့တယ်..နေမင်းလည်းကျွန်မနဲ့တူတူ..အောင်ခဲ့တယ်..
နေမင်းကGTCတက်ပြီး…ကျွန်မကဆေးလိုင်းအမှတ်မှီလို..ဆေးကျောင်းတတ်ခဲ့တယ်…ကျွန်မလေဘယ်လိုပျော်မှန်းမသိဘူး…
.ကိုကိုနဲတူတူကျောင်းတတ်ရတောမယ်…ကိုကိုကတတိယနှစ်…ကျွန်မကပထမနှစ်…ကိုကိုနဲ့တူတူကျောင်းသွား…
ကိုကိုနဲ့တူတူထမင်းစား..ကျွန်မလေပျော်ခဲ့မိတာပါ….အဲနေ့မတိုင်ခင်အထိပေါ့…..ကိုကိုကမမတယောက်ကို..
ကျွန်မနဲ့မိတ်မဆက်ပေးခင်..အထိပါ….အဲနေ့ကမှတ်မှတ်ရရဒီဇင်ဘာဆောင်းနှင်းတွေ….စကျတဲ့နေ့လေးပေါ့…
.ကျွန်မလေ..အဲနေ့ကငိုခဲ့ရတယ်…ကိုကိုက"ညီမလေးဒါကလေညီမလေးယောက်မလေး….ကိုကိုချစ်သူဆောင်းနှင်းဖြုလေ"
ကျွန်မလေပါးစပ်ကိုဆွံ့သွားခဲ့တယ်..ကျွန်မအထီးကျန်သွားသလိုလည်းခံစားလိုက်ရတယ်
ကျွန်မချစ်ခြင်းတွေပျေက်ဆုံးတော့မှာလိုလည်းတွေးမိသွားတယ်…
ကျွန်မစိတ်ကိုတင်းပြီးမနည်းပြုံးပြလိုက်ရတယ်..အဲနေ့ကစပြီးကျွန်မ...ကမ္ဘာလေးအထီးကျန်ခဲ့ရပါတယ်။
နာက်ပိုင်းကိုကိုကကျွန်မနဲ့လည်းထမင်းမစားတောသလို..ကျွန်မဆီလည်းမလာတော့ပါဘူး…
ကျွန်မနဲ့လည်းကျောင်းအတူတူမသွားတော့ပါဘူး….ကျွန်မဘ၀တခုပျောက်ဆုံးသလိုခံစားလိုက်ရတယ်….

အပိုင်း(၂)
ကျွန်မဘ၀တခုပျောက်ဆုံးသလိုခံစားလိုက်ရတယ်….အထီးကျန်သွားသလိုပါပဲ..တယောက်တည်း..ဘယ်သူမှမသိအောင်
ငိုနေမိခဲ့တယ်။





ကျွန်မလေ…ကိုကိုကိုအရမ်းတွေချင်လွန်းလိုမိန်းကလေးတန်မဲ့..ကိုကိုအိမ်ကိုသွားခဲ့မိတယ်….မတွေခဲ့ရပါဘူး…

ကျွန်မတွေချင်တာက..တယောက်..တွေရတာကတယောက်လေ…ညီညီလို့ကျွန်မခေါ်

ခေါ်နေတဲ့ကျွန်မရဲ့သူငယ်ချင်းလေးနေမင်းပါ..ကိုကိုရဲ့ညီလေ…ညီညီကိုတွေရတာပိန်သွားလိုက်တာ…

.ကျွန်မကိုတွေ့တော့…ညီညီကပျော်နေပြီး…ကျွန်မကိုလည်း ..၀မ်းသာအားရနဲ့

"နင်လာတယ်ဟုတ်လား..နင်ကိုမတွေတာကြာပြီနော်.

.ငါလည်းစာတွေများနေတာနဲ့နင်ကျောင်းကိုလာတော့လည်းနင်နဲ့ကိုကိုကိုငါတွေလိုပြန်သွားတာ…"

ပြောတော့ကျွန်မလေအံ့သြသွားမိတယ်…ညီညီကစကားအရမ်းနည်းတဲ့သူလေ.

.ကျွန်မပြောရင်တောင်..သူကပြန်ပြောချင်မပြောတာ…အခုတော့သူပဲ..ဆက်တိုက်ပြောနေတော့တာ

…ကျွန်မကမျက်ဝန်းလေးနဲ့တယောက်ကိုရှာနေတာကို..ညီညီကရိပ်မိတော့…

"ဘာလည်းနင်ကိုကိုကိုရှာနေတာလားဂျုလိုင်…"

ညီညီကမေးတော့ကျွန်မရှက်သွားမိတယ်..ရှက်ရမ်းရမ်းပြီးကျွန်မက…

"မဟုတ်ပါဘူး…အန်တီကော..နင်တယောက်တည်းလားညီညီ"

လို့မေးလိုက်မိတယ်…ညီညီကပြုံးရုံပြုံးပြီး…

"အေး..ငါတယောက်တည်းပဲ…ကိုကိုကမေမေကိုလိုက်ပိုတယ်ဘုရားကို…ငါကအိမ်စောင့်ကျန်ခဲ့တာ"

"အော်..အေးဒါဆိုလည်း..ငါပြန်တော့မယ်နော်..မလာတာကြာလို့အန်တီကို..နေကောင်းလာသတင်းလာမေးတာ..
ဈေးသွားရင်နဲ့"

"နေပါဦး..ဂျုလိုင်..နင်ကိုငါပြောစရာရှိတယ်"

ကျွန်မလေကြောင်သွားမိတယ်…ညီညီနဲ့စာအတူတူသင်နေတုန်းကတောင်..စာအကြောင်းကလွဲပြီးဘာစကားမှ..
မပြောခဲ့ဘူးဘူး..ကိုကိုလောက်တောင်မရင်းနှီးခဲ့ပါဘူး…..

"အင်း..ပြောလေညီညီ"

ညီညီကကျွန်မကိုသေချာမကြည့်ဘဲဟိုဘက်မျက်နှာလှည့်ထားပါတယ်ပြီးတော့ပါးစပ်ကနေ

"ဂျုလိုင်..နင်ကိုလေငါအရမ်းချစ်တယ်"

ကျွန်မလေမျက်လုံးပြုးသွားပြီး…ညီညီကိုသေချာကြည့်လိုက်မိတယ်..ညီညီကကျွန်မမကြည့်ဘဲခေါင်းကိုငုံ့ထားခဲ့ပါတယ်….

ကျွန်မက

"ညီညီနင်အိမ်ကိုလာလို့..ငါကိုအထင်သေးပြီးပြောလိုက်တာလား…နင်တယောက်တည်းပဲရှိတယ်ဆိုပြီး….
နင်အထင်သေးပြီးပြောလိုက်တာလား"

ညီညီကမျက်နှာငယ်လေးနဲကျွန်မကိုပြန်ပြောခဲ့ပါတယ်...ကျွန်မလေမထင်မိဘူး..ညီညီကျွန်မအပေါ်

ချစ်နေခဲ့လိမ့်မယ်လို့……ညီညီက

"မေဂျုလိုင်..ပြောရက်လိုက်တာဂျုလိုင်ရာ….ငါလေနင်ကိုဟိုငယ်ငယ်လေးတည်းကချစ်ခဲ့တာပါ..ငါကကိုကိုနဲ့ယဉ်လိုက်ရင်.
.အမြဲတမ်းနောက်ကပါပဲ..နင်မျက်လုံးတွေက..ကိုကိုနဲ့တွေ့ရင်အရောင်လေးတွေလက်နေတာ..ငါတွေခဲ့လို.
.ငါမပြောပဲနေခဲ့တာ…နင်နောက်မှငါအမြဲရှိနေခဲ့တာပါ…နင်ကသာမတွေ့တာ..ငါလေနင်ကျောင်းကိုအမြဲလိုလို
တနေ့တကြိမ်ရောက်ဖြစ်ပါတယ်..နင်ရှေ့သာမရောက်ဖြစ်တာလေ..နင်ကိုအဝေးကပဲ…မြင်နေရရင်ကျေနပ်နေခဲ့တာပါ..
အခုလည်းကိုကိုရည်းစားရသွားတာသိလို့သာ…နင်ကိုငါဖွင့်ပြောခဲ့တာပါ..ဂျုလိုင်ရယ်..
ငါလေနင်ကိုအရမ်းချစ်တယ်..ငါကိုအထင်မလွဲပါနဲ့နော်.."

ကျွန်မလေထိုင်နေရင်တန်းလန်းကနေ…ထပြီး

"ငါပြန်တော့မယ်..ညီညီ"

လို့ပြောပြီးကျွှန်မပြေးထွက်လာခဲ့မိတယ်

ကျွန်မချစ်နေတဲ့လူဆီကမေတ္တာတွေပျောက်ဆုံးချိန်မှာကျွန်မမထင်ထားတဲ့လူဆီကနေအချစ်တခုရခဲ့တယ်

ကျွန်မအချစ်ကိုဘယ်လိုနားလည်ရမလည်းမသိတောဘူး။

ကျွန်မကိုကချစ်ကံခေတာနေမှာပါ။

မြားနတ်မောင်က....ကျွန်မချစ်တဲ့လူကိုတော့…ကျွန်မဆီမပိုပဲ

ကျွန်မမထင်ထားတဲ့လူဆီက..အချစ်တခုကိုဖန်ဆင်းပေးလိုက်တယ်။

ကံကြမ္မာကိုဘယ်လိုယုံရမလည်း…..

အဲနောက်ပိုင်းမှာတော့..ညီညီကကျွန်မဆီကို…မနက်တခေါက်..ညနေကျောင်းဆင်းတခေါက်..

တနေ့ကိုနှစ်ခေါက်ရောက်လာခဲ့ပါတယ်….မနက်ဆိုကျွန်မကြိုက်တဲ့နှင်းဆီပန်းလေးယူလာခဲ့သလို..ကျွန်မကြိုက်တတ်တဲ့…..

မုန့်တွေတမျိုးမဟုတ်တမျိုးဝယ်ဝယ်လာခဲ့ပါတယ်…ကျွန်မကညီညီကိုမလာနဲ့လို့ဘယ်လိုပဲငြင်းငြင်း…ညီညီကလာမြဲသာ

…ညနေလည်းကျောင်းလာကြိုမြဲသာ…ကြာတော့ကျွန်မသူငယ်ချင်းတွေက….

".ဂျုလိုင်ရယ်…နေမင်းသနားပါတယ်….သူခမျာနင်ကပြောလိုက်ရင်မျက်နှာကိုငယ်လို့"


ကျွန်မလေစိတ်ထဲကပြောနေမိတယ်….သူငယ်ချင်းတို့ရယ်…ငါလေငါကိုချစ်တာငါခံယူချင်မိတာပေါ့

ငါပျောက်ဆုံးမှာကြောက်နေမိလို့......ငါမာနနဲ့တင်းခံနေတာနင်တို့မှမသိတာ….ကျွန်မလည်းဘာအသားနဲ့ထုထားတာ

မို့လိုလည်းတိုက်ဖန်များတော့…နည်းနည်းတော့နဲ့လာတာပေါ့…ကျွန်မလည်းညီညီကို..ချစ်နေမိပါပြီ..

ကျွန်မမာနနဲ့ဖုံးကွယ်ထားမိတာပါ။....ဘာလိုလိုနဲ့ကျောင်းတောင်ပြီးတော့မယ်နော်….

အော်..ကိုကိုတယောက်ကတော့…ချင်းပြည်နယ်မှာ..တာဝန်ကျလို့..သူချစ်သူနဲ့အတူတူလေ...

.ကျွန်မကိုမေ့နေလောက်ပြီပေါ့….အချစ်ကထူးဆန်းတယ်နော်...ကိုကိုရယ်ကျွန်မလေ…ကိုကို..ကိုမေ့လို့မရခဲ့ပါဘူး…

ခုထိလည်းသတိရနေပါတယ်..နှစ်တွေကြာတော့လည်း…ကိုကို..ကိုအကိုတယောက်လိုချစ်လိုရနေပါပြီ..

.ညီညီရဲ့ဖေးမမူ၊ဂရုစိုက်မူတွေ၊ညီညီအချစ်တွေကြောင့်..ကျွန်မမာနတွေအရည်ပျော်ခဲ့ရပါပြီ။

ညီညီရယ်ကျွန်မလေ......ညီညီကိုချစ်နေမိပါပြီ…စိတ်ထဲကပြောနေမိတယ်….

ဇာတ်သိမ်းပိုင်း
ညီညီရဲ့ဖေးမမူ၊ဂရုစိုက်မူတွေ၊ညီညီအချစ်တွေကြောင့်..ကျွန်မမာနတွေအရည်ပျော်ခဲ့ရပါပြီ။

ညီညီရယ်ကျွန်မလေ..ညီညီကိုချစ်နေမိပါပြီ…စိတ်ထဲကပြောနေမိတယ်…

ဒါပေမယ့်လေ...ကျွန်မကချစ်ကံခေသူမို့..ညီညီကျွန်မအနားကပျောက်သွားစိုးရိမ်နေမိတယ်။.


ညီညီမလာတဲ့နေဆို..ကျွန်မနေလိုမတတ်ခဲ့ပါဘူး…ကျွန်မကိုကျွန်မသူငယ်ချင်းတွေပါရိပ်မိနေပါပြီ

တနေ့..ညီညီမလာလို့..လည်တဆန့်ဆန့်ဖြစ်နေတဲ့ကျွန်မကိုကျွန်မသူငယ်ချင်းက

"မျှော်တော်ရောင်..မျှော်တော်ရောင်"ဆိုပြီးသီချင်းဆိုပြီးစနောက်ကြတယ်


အဲအချိန်မှာပဲကျွန်မဖုန်းကထမြည်ခဲ့ပါတယ်…ကိုင်လိုက်တဲ့အချိန်မှာပဲ…

"အမကမမေဂျုလိုင်လာခင်ဗျ.."

"ကျွန်မက..ဟုတ်ပါတယ်ရှင်ပြောပါ"

"ဒီမှာ..ကိုနေမင်းဆိုတဲ့လူ

ကျွန်မလေ..ဟိုဘက်ဖြေတဲ့လူကိုမစောင့်ဘဲ

"ညီညီဘာဖြစ်လိုလည်း"

"ကိုနေမင်းကားတိုက်မူ့ဖြစ်လို့အခုဆေးရုံမှာကျွန်တော်တို့ပိုထားပါတယ်

သူဖုန်းမှာအမဖုန်းနံပါတ်တွေ့လို့ကောက်ဆက်လိုက်တာ.."

'ကျွန်မလေ..သူဆက်ပြောတာကိုမစောင့်နိုင်ဘဲ..ချက်ခြင်းဘဲTaxi

ကားပေါ်ဘယ်လိုရောက်သွားမှန်မသိလိုက်ဘူး.ကျွန်မနောက်ကျွန်မသူငယ်ချင်းတွေလည်း

အပြေးအလွားပါလာတာလည်းမသိလိုက်ဘူး..ကျွန်မမျက်ရည်ကျနေတာကိုလည်း...ကိုယ်ကိုကိုယ်သတိမထားမိ...
.
ညီညီကိုစိတ်ပူနေမိတယ်..အရှင်ဘုရားညီညီဘာမှမဖြစ်ပါစေနဲ့လိုဆုတောင်းနေမိတယ်….ဆေးရုံလည်းရောက်ရော်..
သူငယ်ချင်းတွေကြောင့်အခန်းကိုရှာတွေခဲ့တယ်….ကျွန်မစိတ်ပူပြီး….အိပ်ရာမှာလဲနေတဲ့နဖူးမှာပတ်တီးစီးထားတဲ့..
ညီညီကိုဖတ်ပြီးငိုလိုက်မိတယ်..ညီညီရယ်ဂျုလိုင်ကိုတယောက်တည်း..မထားခဲ့ပါနဲ့နော်…ညီညီကိုဂျုလိုင်ချစ်ပါတယ်…
ငိုပြီးသူငယ်ချင်းတွေပါလာတာကိုမေ့ပြီးတယောက်တည်းညီညီလက်ကိုကိုင်ပြီးငိုနေမိတယ်…
..အဲဒီအချိန်မှာပဲညီညီက..မျက်စိဖွင့်လာပြီး…တကယ်လား..

ဂျုလိုင်..နင်တကယ်ချစ်တယ်နော်..ငါပျော်လိုက်တာ..ငါကားတိုက်ရကျိုးနပ်တယ်ဆိုပြီးသူပြုံးနေလိုက်တာ…
ကျွန်မလေရှက်သွားမိတယ်…ခုမှဘေးကိုကြည့်လိုက်မိတယ်…သူငယ်ချင်းတွေကလည်းပြုံးလို..သူကလည်းမျက်နှာပြုံးနေတာပဲ.
..ကျွန်မက

"ညီညီဘာဖြစ်သွားသေးလည်း.."

"ညီညီကဘာမှဖြစ်ပါဘူး..နည်းနည်းပွန်းပဲရုံပါပဲ......ညီညီသူငယ်ချင်းတွေကဂျုလိုင်စိတ်ထဲက…
ညီအပေါ်ထားတဲ့အချစ်ကိုသိချင်လို.....စမ်းလိုက်ကြတာစိတ်မဆိုးနဲ့နော်..ညီလည်းသိချင်လိုသဘောတူလိုက်မိတာပါ
…"ဂျုလိုင်ရယ်…ညီအရမ်းချစ်တယ်"

ကျွန်မလေ…ကျွန်မတမ်းတမက်မောမိခဲ့တဲ့အချစ်တခုကိုတကယ်ကိုပိုင်ဆိုင်ရပြီ..အိမ်မက်စိတ်ကူးတွေသာရှိခဲ့တဲ့.
.ကျွန်မအချစ်ကိုကျွန်မတကယ်ရရှိခဲ့ပါပြီ..အချစ်မှာ..မာနတရားလည်းမရှိဘူး..တကယ်ကိုအဖြုရောင်လေးပါပဲဆိုတာ..
ကျွန်မချစ်သူညီညီခေါ်နေမင်းကသက်သေပြလိုက်ပါပြီ

ညီညီလက်တွေကျွန်မကိုတင်းတင်းဆုပ်ထားပြီ

"ဂျုလိုင်ရယ်မောင့်ကို ပြောပါဦးကွယ်…ချစ်တယ်လို့"

ကျွန်မလည်းတင်းမခံထားနိုင်တော့ပါဘူး….ကျွန်မလည်း

"မောင်ရယ်…ချစ်တယ်"
ခုတော့..ကျွန်မအချစ်စစ်တခုကို...တကယ်ချစ်ခွင့်ရရှိခဲ့ပါပြီ။

.                                            ******************************************
ရှင်းပထမဆုံးရေးတဲ့ဝတ္ထုလေးဖြစ်လို့အမှားပါရင်ပြင်ပေးကြပါနော်။
ဝေဖန်ပေးကြပါဦး
အားလုံးကိုလေးစားလျှက်
♥´*•♫ရှင်းသန့်မေ♥´*•♫

'♥ရင်ခုန်မိသော.♥.ကောင်မလေး'♥ဇာတ်သိမ်းပိုင်း

နှင်းကထူးမောင်ရင်ခွင်ကိုတိုးဝင်ကာပြေးဖတ်လိုက်လေသည်။
ငိုယိုခြင်းကာမတိတ်နိုင်.....
"ဟာ....ဟေ့...အော်..ဒီကောင်မလေး"
ထူးမော်တယောက်လည်းသွေးများလှုပ်ရှားလျှက်ရှိနေပြီ...နှင်းလိုချောမောလှပပြီးချစ်စရာကောင်းသော
ကောင်မလေးကိုထူးမော်တသက်တာမှာပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။
မိန်းမလေးအထိအတွေ့ပထမဦးဆုံးထိတွေ့ဖူးတဲ့ထူးမော်တယောက်............ရင်ခုန်နေမိတုန်းမှာပဲ။
"သားကြီး...ဟိုမှာ..ဟိုမှာ..မင်း..မင်းညီမလေး...သမီး...သမီးလေး"
လူတစုသည်ကားပေါ်ဆင်း၍ထူးမော်ရှိရာပြေးလာခဲ့သည်။
"ဟင်...အဖေ..ကိုကိုလေ..ဒီမှာကိုကို....တွေ့ပြီအဖေရဲ့..ကိုကိုကနှင်းဆီပြန်လာတာတဲ့"
နှင်းဆိုတာကောင်မလေး၏အဖေဖြစ်ဟန်တူသည်။
မျက်နှာတွေကလည်းကိုယ်စီပျက်နေကြသည်။
အဖေဖြစ်သူက
"ဟေ့ကောင့်သားကြီး..မင်းညီမကိုခေါ်လိုက်...အိမ်ပြန်ကြရအောင်"
အကိုဖြစ်ဟန်တူသည့်အကိုဆိုသူက ..ကောင်မလေးကိုချောမော့ခေါ်ဆောင်လေသည်။
ကောင်မလေးက ..ထုးမော်လက်ကိုအတင်းဆွဲထားတဲ့လက်ကမလွတ်...ပါးစပ်ကလည်း

ဟင့်..ဟင့်အင်း..ကိုကိုပါမှလိုက်မယ်...ကိုကိုမပါရင်မလိုက်ဘူး...."
နှင်း၏ငြင်းဆန်မူကို...အကိုဖြစ်သူကမစောင့်ဆိုင်းပဲအတင်းအဓမ္မဖြင့်
"လာပါကွာ...ညီမလေးရာ..အဲဒါညီမလေးကိုကိုမဟုတ်ဘူး.."
ဆိုပြီးကားပေါ်ကိုအတင်းခေါ်ပေမယ့်ကောင်မလေးကအတင်းရုန်းနေတော့
ထူးမော်ကို
"မောင်ရင်ဖြစ်နိုင်မယ်ဆိုရင်...အန်ကယ်နဲ့အိမ်ကိုခဏလောက်လိုက်ခဲ့ပေးလို့ရမလား
အပြန်ကျမောင်ရင့်အိမ်ကိုအန်ကယ်ပြန်ပိုပေးပါမယ်..သမီးကအတင်းရုန်းနေတော့ ..မောင်ရင်ခဏလောက်
လိုက်ခဲ့ပေးပါအန်ကယ်ကိုကူညီပါနော်...မောင်ရင်ကျေးဇူးလည်းဆပ်ချင်လိုပါ..သမီးအရှက်ကိုကယ်တင်ပေးတဲ
မောင်ရင်ကိုကျေးဇူးထပ်တင်ပါတယ်"
"အော်...ရပါတယ်အန်ကယ်...ကျွန်တော်လိုက်ပေးပါမယ်..မလိုပါဘူးအန်ကယ်...နှမချင်းကိုယ်ချင်းစာလို
ကူညီမိတာပါ"
ထူးမော်တယောက်..ကောင်မလေးနဲ့လိုက်သွားမိတယ်...ကောင်မလေးကထူးမော်လည်းကားပေါ်ပါကော
ပျော်ရွှင်ပြီးထူးမော်ဘေးမှာလက်ကို..အတင်းကိုင်ထား..ထူးမော်မှာ..ကောင်မလေးကိုဖခင်ကိုအားလည်းနာ
အနေကလည်းခက်...
အိမ်လည်းရောက်တော့
ကောင်မလေးကိုသူအမေဖြစ်သူကခေါ်သွားတော့
ကောင်မလေးက
"ကိုကိုခဏထိုင်နေနော်..နှင်းကိုကိုအတွက် အအေးဖျော်လာမယ်"
ထူးမော်ခေါင်းညိမ့်ပြလိုက်ပြီး
ကောင်မလေးဖခင်က
"ထိုင်ကွာ...ဦးနာမည်က ဦးစိန်ပွား...ဒါနဲ့မောင်ရင်နာမည်က ..."
"ကျွန်တော်နာမည်က..ထူးမော်ပါ..."
"မိဘတွေကဘာလုပ်..ဒီနာမည်သိသလိုပဲ....မင်းကိုမြင်ဖူးနေသလိုပဲ...မင်းလှမော်သားမလား."
"ဟုတ်ပါတယ်ဦး..."
"အော်...တိုက်တိုက်ဆိုင်ဆိုင်...လှမော်သားနဲ့တိုးလို့တော်သေးတယ်..သမီးနှင်းလေးကသူရည်စား
မောင်မိုးကကားအက်စီးဒင့်ဖြစ်လို့ဆုံးသွားပြိးတည်းက ..စိတ်ကမရတချက်ရတချက်ဖြစ်နေတာ...
ဦးတို့လည်းသမီးလေးရောဂါကိုကုပေးနေပါတယ်...မောင်ရင်မှာအသိဆရာဝန်လေးများရှိရင်..ဦင်္းသမီးကိုကယ်
ပါအုန်းကွာ..သမီးလေးစိတ်ပုံမှန်ပြန်ဖြစ်အောင်..."
"ဟုတ်အန်ကယ်...ကျွန်တော်ဆရာတွေနဲ့တိုင်ပင်ပြီးရင်...ကျွန်တော်လိုအပ်တာလုပ်ပေးပါမယ်..."
"အေးကွာ...မင်းလည်းဆရာဝန်ဖြစ်နေတော့...အတော်ပဲကွာ...အန်ကယ်ကိုကူပါအုန်း..အားကိုးပါတယ်ကွာ"
"စိတ်ချပါ..အန်ကယ်..ကျွန်တော်တတ်တဲ့ပညာနဲ့..ကုပေးပါမယ်"
"အင်း...သမီးကြီးမာလာတော့အပြင်သွားနေတယ်...မောင်ရင်နဲ့နောက်မှမိတ်ဆက်ပေးတောမယ်"
ထူးမော်လည်းမာလာပြောလိုက်တော့ ..ခန္ဒာကိုယ်တောင့်ချင်သလိုလိုဖြစ်သွားမိသည်။
ကောင်မလေးနဲ့နီးရတောမယ်အတွေးနဲ့ပျော်နေမိတာခဏတော့...စိတ်ညစ်သွားမိသည်။
မာလာဆိုတဲ့ကောင်မလေးကိုမလိုက်ပဲ...စဉ်းစားနေတုန်းမှာပဲ
"အော်...မောင်ထူးမော်...ထူးမော်"
"ဗျာ..."
"အော်...ဘာတွေတွေးနေလဲကွ..အအေးသုံးဆောင်အုန်း..မင်းအဖေကိုပြောလိုက်အုန်းနော်
အန်ကယ်ဆီလာလည်အုန်းလို့"
"ဟုတ်ကဲ့ခင်ဗျ...ပြောလိုက်ပါမယ့်...အန်ကယ်ကျွန်တော့်ကိုခွင့်ပြုပါအုန်း..."
"နောက်လည်း..လာလည်ကွာ..."
"ဟုတ်ကဲ့"
ပြောပြီး...ထူးမော်ကိုကားနဲ့အိမ်ပြန်လိုက်ပို့ခဲ့သည်။
ထူးမော်တယောက်
နှင်းဆိုတဲ့ကောင်မလေးကိုရင်ခုန်သနားမိသွားပြီ။ထူးမော်တယောက်..နှင်းဆိုတဲ့ကောင်မလေးကို
ဆေးကုပေးဖို့....ပျော်ရွှင်တက်ကြွသောခြေလှမ်းများဖြင့်..အိမ်ကိုပြန်လာခဲ့တော့သည်။
ထူးမော်ကိုသူမေမေမြင်တော့..
"သားပြန်လာတယ်နော်....စိတ်ပူလိုက်ရတာသားရယ်...မင်းဖေဖေလည်း..
.မင်းကိုအတင်းတိုက်မတွန်းတော့ပါဘူး...သားလေးစိတ်ချမ်းသာသလိုသာနေတော့နော်"
ထူးမော်တယောက်ခုမှဂွကျပြီးမေမေသားသဘောတူတယ်ပြောရအောင်လည်း
မာလာကိုမယူချင်...နှင်းဆိုတဲ့ကောင်မလေးနဲ့ထပ်မတွေရမှာစိုးတာနဲ့....
သူ့မေမေကိုဇာတ်အကြောင်းစုံရှင်းပြလိုက်လေတော့
သူမေမေက
"အော်..ငါ့သားကတွေ့လာပြီးကိုးကိုစိန်ပွားတို့နဲ့....ကောင်းပါတယ်သားရယ်...
သူသမီးလေးကစိတ်ဝေဒနာသည်လေးကုသိုလ်ရတာပေါ့သားရယ်.....
ဒါဆိုသားတို့ကိစ္စကိုလည်းသားတို့အချင်းအချင်းညှိနှိုင်းလို့ရတာပေါ့...လူငယ်အချင်းအချင်းတိုင်ပင်ကြပေါ့"
"ဟုတ်...မေမေ"
ထူးမော်တယောက် ...ပျော်ရွှင်မူအပြည်ဖြင့်...စိတ်ကူးတွေယဉ်နေမိတယ်....
နောက်နေ့ကစပြီး ...ကောင်မလေးကိုဆေးသွားကုပေးရမယ်ဆိုတဲ့အတွေးနဲ့စိတ်ဓါတ်တွေတက်ကြွ
နေမိသည်။
နောက်နေ့မနက်စောစော..အိပ်ရာထတော့
မေမေက.".သားဘယ်သွားမလို့လည်း..."

"အန်ကယ်စိန်ပွားတို့အိမ်လေ...မေမေသူသမီးဆေးသွားကုပေးရမယ်..သားဆရာကိုခေါ်ပြီး"

အမယ်..ငါ့သားကတက်ကြွနေပါလား...ဧကန္တတော့ငါသား....မရိုးတော့ဘူးနော်"
"အာ...အမေကလည်း....သားကစေတနာနဲ့ပါ.."
".ပြောသားကမာလာကိုလား...ကောင်မလေးကိုလိုက်တာလား"
"မေမေကလည်းလုပ်ပြီး..မာလာဆိုတဲ့တယောက်ကိုမြင်တောင်မြင်ဘူးဘူးမေမေရ...သားလေကောင်မလေးကို
နှစ်သက်နေမိတယ်..."
ထူးမော်..မေမေကိုပြောပြီး...ရှက်နေမိတယ်....
မေမေကဒါကိုတွေတော့
"..ငါသားကတော့ခုမှချစ်ဖူးတော့...မျက်နှာတွေနီနေပါလား..
ကိုစိန်ပွားသမီးနဲ့ဆို..အငယ်ဖြစ်ဖြစ်အကြီးဖြစ်ဖြစ်သဘောတူတယ်....ကောင်မလေးနေကောင်းရင်
ပေးစားမယ်...သားသာကောင်းအောင်ကုပေးလိုက်"
ထူးမော်တယောက်ကောင်မလေးနှင်းကိုနေ့စဉ်
ဆေးကုပေးလိုက်....စိတ်အာရုံကိုပြန်နိုးထအောင်လုပ်ပေးလိုက်နဲ့တနေ့တခြားကောင်မလေးကောင်းလာလာ
ထူးမော်စိတ်ထဲ..စိုးရိမ်လာလေလေ...
ပထမတော့ကောင်မလေးက ကိုကို...ကိုကိုထင်နေပေမယ့်
စိတ်ပြန်ကောင်းလာလေလေ...သူကိုစိမ်းနေလေတော့..ထူးမော်တယောက်....မျက်နှာမကောင်းတော့ချေ။
ခုလည်းကောင်မလေးကသူကို...ကိုကိုလို့မခေါ်တော့ဆရာလို့သာခေါ်တော့သည်။
ထူးမော်တယောက်စိတ်ပျက်အားငယ်စွာနဲ့....ကောင်မလေးကိုချစ်နေပေမယ့်လည်း
ကောင်မလေးစိတ်တခုခုဖြစ်မည်စိုး၍...ကောင်မလေးနေကောင်းလာအောင်ကြိုးပမ်းပေးနေမိသည်။
တနေ့....ကောင်မလေးပြန်ကောင်းလာချိန်မှာကောင်မလေးက
သူချစ်သူဓါတ်ပုံလေးကို...တကိုင်ကိုင်ကြည့်နေပြီး....ကိုကိုရယ်နှင်းလေကိုကိုကလွဲပြီးဘယ်သူမှမချစ်တော့ဘူး
ကိုကိုကပထမဆုံးချစ်သူနဲ့နောက်ဆုံးချစ်မိသူပါပဲ......
ကောင်မလေးစကားကို..ထူးမော်ကြားပီးခဏမှာပဲ.....
ကောင်မလေးရဲ့သစ္စာတရားကိုလေးစားတဲ့အနေနဲ့......ကောင်မလေးအနားကထွက်လာခဲ့ပါတော့သည်။
ခဏတာဆုံစည်းခဲ့သောချစ်သူရယ်
နီးစပ်ခွင့်မရသောအလွမ်း
မေ့မရသောတမ်းတမူနဲ့
ပြောခွင့်မရတဲ့စကားလုံးကို
ကံမကုန်ပြန်ဆုံတဲ့တနေ့မှာ
ဖွင့်ပြောခွင့်တော့ကြုံချင်ပါသေးတယ်
ခုတော့ပထမဆုံးချစ်သူဖြစ်ခွင့်မရပေမယ့်
နောက်ဆုံးချစ်သူဖြစ်ခွင့်တော့
မျှော်လင့်ချင်ပါသေးတယ်
ရင်ခုန်မိသောကောင်မလေးရယ်
မင်းရဲ့ခိုင်မာသောသစ္စာ
ပျက်ပြယ်သောနေ့ကို
စောင့်မျှော်ရင်း...................
ကောင်မလေးနဲ့ဝေးရာကိုထူးမော်တယောက်နယ်မြိုလေးတမြို့မှာအလွမ်းများဖြေသိမ့်ရင်း
နှင်းဆိုတဲ့ကောင်မလေးကိုတမ်းတရင်း....လူနာတွေနဲ့သူဝေဒနာကိုဖြေသိမ့်သွားနေတော့လေသတည်း။

 အားလုံးကိုလေးစားလျှက်
ကြိုးစားပါဦးမည်
ရှင်းသန့်မေ

'♥ရင်ခုန်မိသော.♥.ကောင်မလေး'♥(အပိုင်း၁)

"ကဲကွာ"

ထူးမော်ရဲ့ဒေါသအစိုင်အခဲ..လမ်းမပေါ်..စွန့်ပစ်ခံထားရသော.ဘူးခွံတခုကိုပိတ်ကန်လိုက်မိသည်။

"စိတ်ကိုထိန်းပါ...ထူးမော်ရာ...မင်းမိဘတွေကမင်းကိုကောင်းစေချင်လို့..စီစဉ်တာပါကွ"

ထူးမော်ဒေါသကိုအတတ်နိုင်ဆုံးဖြေသိမ့်ပေးနေသူက ..ထူးမော်သူငယ်ချင်းဖိုးကာ

"ဘာကောင်းစေချင်တာလည်း..လူတစ်ယောက်ကို..ဟင်းရွတ်ကစွန်းရွတ်လိုရောင်းစားတာ
ကောင်းစေချင်တာလားငါတဘ၀လုံးသင်ယူခဲ့တဲ့ပညာကသူများကိုရောင်းစားဖို့မဟုတ်ဘူးကွ

ဒီလိုအရောင်းစားခံလူတယောက်အနေနဲ့ငါဘ၀ကိုမစတေးနိုင်ဘူးဆိုတာမင်းမှတ်ထား"

ထူးမော်နှင့်ဖိုးကာတို့ကဆရာဝန်လောင်းများဖြစ်ကြပေသည်။ဆေးတက္ကသိုလ်တွင်
ခြောက်နှစ်လုံးလုံးပညာသင်ယူပြီးဆရာဝန်ဟူသောဂုဏ်ပုဒ်ကိုရယူရန်စောင့်မျှော်နေသူဆိုလျှင်လည်းမမှား။


ယခုဖြစ်ပျက်နေသောပြဿနာသည်ကားထူးမော်ရဲ့မိဘများရဲ့အိမ်ထောင်ချပေးမည့်အစီအစဉ်
ထူးမော်ဖခင်ဦးလှမော်မှာသူရဲ့မိတ်ဆွေကုမ္ပဏီသူဌေးကြီးဖြစ်သူ ဦးစိန်ပွားကသူ၏သမီးကြီး
မာလာနှင့်လက်ထက်ရန်ကမ်းလှမ်းခြင်းကိစ္စပင်။
"မိဘကလက်နဲ့ရေးတာကိုခြေနဲ့ဖျက်ဖို့မကြိုးစားနဲ့ထူးမော်ငါနှင့်မင်းအမေက
မင်းရှေ့ရေးအတွက်ကောင်းမယ်ထင်လို့စိစဉ်တာပြီးတော့
ကိုစိန်ပွားရဲ့စေတနာကိုငါတို့ဘက်ကငြင်းပယ်ဖို့ဘာအကြောင်းမှမရှိဘူး။"

ဦးလှမော်၏ပြင်းထန်သောစကားများမှာသြဇာသံအပြည့်ဖြင့်။အနားမှာထိုင်နေသောဒေါ်မေမိုးကလည်း

"ဟုတ်တယ်..သားမာလာဆိုတဲ့ကောင်မလေးကဘာမှပြောစရာကိုမလိုဘူးပညာတတ်၊ဥစ္စာပေါ၊ရုပ်ချောပြီးတော့"

"တော်ပါတော့...မေမေရယ်"

ထူးမော်သည်မိခင်ဖြစ်သူ၏တိုက်တွန်းချက်ကိုတားမြစ်လိုက်သည်။

"ဒီမှာအမေ...အမေတို့လုပ်ကြပါ...အမေတို့ကျွန်တော်ကိုကြိုက်သလောက်ရောင်းစားပါ၊
အမေတို့ကကျွန်တော့ကိုရောင်းစားဖို့မွေးထားတာပဲရောင်းစားဖို့ပညာတွေသင်ပေးကြတာပဲ

ထူးမော်အသံမှာရှိုက်ကြိးတငင်ငင်ဖြင့်။ထူးမော်တယောက်စိတ်ထဲတွင်လွန်စွာနာကြည်းနေသည်တော့အမှန်။
သို့ပြီးနောက်အိမ်ပေါ်မှဆင်းလာခဲ့သည်မှာခုဆိုတရက်မျှပင်ရှိပေမည်။

"ထူးမော်ငါတို့ပြန်ကြရအောင်ကွာ..အချိန်ကလည်းလွန်နေပြီ..
မင်းစိတ်ပြေတဲ့အထိငါအိမ်မှာနေပေါ့မဟုတ်ဘူးလား"

"ဆောရီးသူငယ်ချင်း..ငါဒီနေ့အိမ်မပြန်ချင်ဘူး၊မင်းအိမ်ကိုလည်းမလိုက်တော့ဘူး၊
ငါကိုဒီနေ့တယောက်တည်းနေခွင့်ပြုပါကွာ..ငါတောင်းပန်းပါတယ်"

ထူးမော်တယောက်စိတ်ညစ်ခြင်းဝေဒနာကိုယခုထိဖြေဖျောက်လိုမရနိုင်သေး
ဖိုးကာလည်းတားလို့မရနိုင်တဲ့အဆုံးထူးမော်ကိုတယောက်တည်းထားခဲ့လေပြီ။

ခုတော့ထူးမော်တယောက်တည်းလမ်းဘေးခုံတန်းလေးမျာထိုင်ကာစိတ်ကိုဖြေသိမ့်နေလေသည်။

ထိုစဉ်တွင်ထူးမော်လမ်းဘေးသို့လှမ်းကြည့်လိုက်သောမြင်ကွင်းကားမရှုမလှ.
အသက်အားဖြင့်(၂၀)ခန့်ရှိသောမိန်းကလေးတယောက်အားလိုက်နှောင့်ယှက်နေသည်မှာလူကြီးနှစ်ယောက်

အရက်အနည်းငယ်သောက်ထားပုံရ၏။ကြားရသောစကားအချို့မှာ

"ဒီကညီမလေးကို..ကိုကြီးတို့ကစကားလေးခေါ်ပြီး..ပြန်ပို့ပေးမှာ..ဘာမှမလုပ်ပါဘူးညီမလေးရဲ့..ဘာမှလုပ်ဘူး"

မူးမူးရူးရူးဖြင့်

"ဒီမှာရှင်တို့ကိုယ်လမ်းကိုယ်သွားကြပါ....ကျွန်မကိုကိုပျောက်နေလို့လိုက်ရှာနေတာပါ...
ကိုကို...ကိုခေါ်လိုက်မှာနော်.အဟင့်..ဟင့်"

ကောင်မလေး၏မျက်နှာမှာကြောက်ရွံ့နေတဲ့ပုံစံ

တယောက်ယောက်ကိုလှမ်းခေါ်နေတဲ့ပုံ...ထူးမော်လည်းမျက်နှာမလွဲနိုင်တော့ပါ..

လူစုရှိရာသို့ဦးတည်ခဲ့တော့သည်။
"ဟား...ဟား...ဟား..ဘယ်မှာလည်းမင်းကိုကိုက..အရူးမလားသိဘူး..လှတာတော့ကိုင်ရက်စရာမရှိဘူးကွာ"
"ရှင်တို့နော်....ရှင်...ရှင်.."
ကောင်မလေးအနောက်သို့တလှမ်းချင်းဆုတ်ရင်းထူးမော်နဲ့ပက်ပင်းတိုးမိလေသည်။
အမလေး...ဟင်...နှင်းကိုကိုတွေ့ပြီ...၀မ်းသာလိုက်တာကိုကိုရယ်..နှင်းကိုကိုကိုရှာနေတာ...ကိုကိုနှင်းဆီပြန်လာ
တယ်နော်..."
ထူးမော်တယောက်ကောင်မလေးပြောနေသောစကားများကိုမည်သို့မျှနားမလည်။
ဒေါသများကလူကြီးနှစ်ဦးဆီ
"ဒီမှာ..ဟေ့လူတွေ..ခင်များတို့နှမချင်းကိုယ်ချင်းမစာနာဘူးလား.."
ကောင်မလေးမှာထူးမော်နောက်တွင်ပုန်းနေသည်။
"ဒီမှာဟေ့ကောင်...အစာဝင်မလုနဲ့..သူတော်ကောင်းယောင်ဆောင်ပြီး...ငါတို့အရင်တွေ့တာ
ငါတို့ကကောင်မလေးကိုခေါ်ပြီးကောင်းကောင်းပြုစုမှာ...မင်းလိုမိန်းကလေးတိုင်းကိုအချောင်လိုက်နိုက်နေတာ
မဟုတ်ဘူး..ဟင်း...ဟင်းးးး"
ဟုပမာမခန့်ပြောရာထူးမော်၏ဒေါသသည်သည်းခံစိတ်အတိုင်းအတာကုန်လွန်သွားလေပြီ။ဒေါသအစိုင်အခဲကို
ပြင်းထန်သောလက်သီးတချက်ဖြင့်
"ကဲကွာ..ကဲကွာ....ပြောကြအုန်း..."
ထိုးရာ..လူကြီးနှစ်ယောက်မှာထူးမော်လက်ချက်ဖြင့်အလူးအလိမ့်
ကြောက်ရွံနေသူကောင်မလေးမှာလည်းမျက်ရည်လေးရွှဲလို့..
ရန်ပွဲက..အဆုံးသတ်လေပြီး..လူကြီးနှစ်ယောက်လည်းထွက်ပြေးသွားလေပြီ
"ကိုကို...ကိုကို..ဘာဖြစ်သွားသေးလဲ.."
ကောင်မလေး၏စိုးရိမ်သံကိုထူးမော်ဂရုမစိုက်
"ဒီမှာ..ကောင်မလေး..ငါနာမည်ကထူးမော်..မင်းကိုနှောင်ယှက်တဲ့လူတွေလည်းမရှိတောဘူး.
.မင်းအိမ်ကိုမင်းပြန်လို့ရပြီ"
ထူးမော်မှာပါးပြင်မှဒဏ်ရာကိုလက်ဖြင့်ပွတ်ကာ..ကောင်မလေးကိုဥပေက္ခာပြုထားလိုက်သည်။
"ကိုကိုရယ်...ကိုကိုနှင်းကိုဘယ်လိုပြောလိုက်တာလည်း..ကိုကိုမရှိတဲ့အချိန်မျာနှင်းဘယ်လောက်ထိလွမ်းနေလည်း
ဆိုတာကိုကိုသိဘူးလား...နှင်းအမှားကိုနှင်းသိပါပြီ...နှင်းကိုတော့ခွဲမသွားပါနဲ့နော်...ကိုကိုနော်"
ကောင်မလေးမှာရှိုက်ကြီးတငင်ဖြင့်ထူးမော်အားပြောလေသည်။
ထူးမော်လည်းကောင်မလေးပြောသောစကားလုံးများကို..တခွန်းမှနားမလည်းသော်လည်း ကောင်မလေးအား
သနားစိတ်အနည်းငယ်ဝင်သွားသည်။
နှင်းကထူးမောင်ရင်ခွင်ကိုတိုးဝင်ကာပြေးဖတ်လိုက်လေသည်။
ငိုယိုခြင်းကာမတိတ်နိုင်.....
"ဟာ....ဟေ့...အော်..ဒီကောင်မလေး"
ထူးမော်တယောက်လည်းသွေးများလှုပ်ရှားလျှက်ရှိနေပြီ...နှင်းလိုချောမောလှပပြီးချစ်စရာကောင်းသော
ကောင်မလေးကိုထူးမော်တသက်တာမှာပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။
မိန်းမလေးအထိအတွေ့ပထမဦးဆုံးထိတွေ့ဖူးတဲ့ထူးမော်တယောက်............ရင်ခုန်နေမိတုန်းမှာပဲ။
.......................................................................................................

ဘာဆက်ဖြစ်မလည်းဆိုတာ
နောက်အပိုင်းတွင်ဆက်မျှော်ပါရန်
ကြိုးစားပါဦးမည်
လေးစားလျှက်
ရှင်းသန့်မေ

♥မေလေး.....ရပ်နေတယ်ကိုကို♥

ကိုကိုကဘယ်နေရာ၊ဘယ်ဒေသကဆိုတာကျွန်မ မသိပါ၊
ကျွန်မနဲ့ကျွန်မချစ်သောကိုကို ဆုံစည်းရာအရပ်ကတော့ ချစ်သူမြို့တော်လေးမှာပေါ့။
ကိုကိုတည်ရှိရာအရပ်သည် ကျွှန်မအချစ်တည်ရှိရာအရပ် ။
 ကိုကိုနဲ့တွေတိုင်း ပြောဖူးတဲ့ချစ်စကားလေးတွေ ပုံပြင်တော်တော်များများရှိသည်။
ကိုကို စကားပြောလျှင် သူတပါးနားထောင်ချင်အောင် ပြောနိုင်စွမ်းရှိသူဖြစ်သည်။
ကိုကို ကကျွန်မကိုခေါ်နေကျအသံလေးက ရင်ထဲထိစွဲမိတယ် "မေလေးရယ်"
ကိုကို သူအချစ်ကိုဘယ်တော့မှမဖေါ်ပြပါ၊
ကိုကိုက စကားလုံးကလွယ်လွယ်မပြောတတ်သလိုလွယ်လွယ်လိုဂတိမပေးတတ်၊
ကိုကိုက
"မေလေးရယ်...မေလေးကိုပြောချင်တဲ့စကားမေလေးနဲ့မျက်နှာချင်းဆိုင်ပြောခွင့်ရမှပြောချင်တယ်"
အမြဲပြောတယ်..ခုတော့ကိုကို က အလုပ် နဲ့အဝေးဆီမှာလေ
ကိုကိုနှလုံးသားက သံမဏိနဲ့ရက်လုပ်ထားတာတဲ့လားကိုကိုရယ်
အလွမ်းဆိုတာကြာလေလေမျိုသိပ်ရခက်လာလေမသိလေ့ရော့လား
ကိုကိုက
"အချစ်ဆိုတာ ချစ်ခြင်းမေတ္တာနဲ့ပေါင်းစပ်ပြီးချစ်တာအေးချမ်းတယ်
အချစ်သက်သက်ဆိုပူလောင်တယ်တဲ့လေ"
မေလေးက
"အလွမ်းဆိုသည်မှာ လွမ်းလိုရတဲ့အရာမဟုတ်
လောကတွင် အချိန်ကြာမြင့်စွာတည်ရှိနိုင်သော အရာမရှိနိုင်ဘူးလေကိုကိုရယ်
အလွမ်းဆိုသည်မှာ  အရှိကိုအရှိတိုင်းခံစားခွင့်မရှိသော ပေးဆပ်မှုသက်သက်ပင်ဖြစ်တယ်ကိုကို"

ကိုကိုက အချစ်ကိုတန်ဖိုးထားသလို..ကဗျာတွေစာတွေကိုလည်းတန်ဖိုးထားတတ်တယ်
 ကဗျာများကိုလည်း ချစ်မြတ်နိုးသည်။ကိုကိုနဲ့ကျွန်မက စာပေချစ်မြတ်နိုးတာချင်းလည်းတူတူ။
ကျွန်မအတွက်တော့
ကိုကိုသာဘေးနားရှိနေမယ်ဆိုမိုးရွာနေလည်း လှနေတယ် ၊နေပူလည်းလှနေတယ်၊  အရာရာကလှပနေတယ်။
ကိုကိုရေမေလေးလေကိုကို့ ရင်ဘတ်ထဲကအချစ်တွေရှိနေတာခံစားမိပါတယ်ကိုကို။
ဘာပဲဖြစ်ဖြစ် ….
ကိုကိုမေလေးကိုချစ်ကြောင်းကိုတော့ မေလေးသိနေပါတယ်ကိုကို။
ကိုကိုရယ်မျှော်လင့်ရတာပင်ပန်းလိုက်တာ
တမ်းတရတာအခါခါပါကိုကို
မမြင်ကွယ်ရာမှကိုကိုလွမ်းနေတာပိုသက်သာပါတယ်
မိန်းမတယောက်၏ မာန်မာနလျော့ကျမသွားအောင် 
ကိုကိုနောက်ကွယ်တွင်ပုန်းကွယ်နေလည်း နှလုံးသားက အလွမ်းဒဏ်ရာတိုးလို့သာနေတယ်။
ဘ၀ပေးအခြေအနေအရ ကြံ့ခိုင်အောင်နေနေပေမယ့် ဘ၀တွင်
ဆုံစည်းခဲ့ရသော ချစ်ခြင်းမေတ္တာဆိုပေမယ့်လည်း  မိန်းမတယောက်၏ ရယူခံစားလိုသော
စိတ်ကနိုးထပြန်တယ်။ကိုကိုကတော့စောင့်စည်းခြင်းတွေသိက္ခာအောက်မှာအချစ်ကိုဖုံးကွယ်ထား
နေတော့လည်းမေလေးလည်း...ကိုကိုအလိုအတိုင်းပါပဲကိုကို
ချစ်ခြင်းမေတ္တာဆိုတာကိုကိုပြောသလို...အေးချမ်းပါတယ်...ရယူခြင်းစိတ်မထားမိရင်ပေါ့ကိုကို
ချစ်ခြင်းကိုပိုင်ဆိုင်သူတိုင်းကတော့ ချစ်သူကိုပိုင်ဆိုင်ချင်မိမှာပါပဲ....ကိုကိုရေ......
ကိုကိုပြောတဲ့ချစ်ခြင်းမေတ္တာမျိုးနေတတ်အောင်
မေလေးကြိုးစားနေပါတယ်....
ညလေးလို့ပဲခေါ်ခေါ်
ချစ်သူလိုပဲထားထား
သူငယ်ချင်းလိုပဲခင်ခင်
ကိုကိုရေ ခုတော့ ကိုကိုထားခဲ့တဲ့နေရာလေး မှာမေလေး ရပ်နေတယ်


ကြိုးစားပါဦးမည်
ချစ်သူတိုင်းပျော်ရွှင်ပါစေ။
ချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ

♥★ပညာအသိနဲ့.....ဆင်ခြင်နိုင်ကြပါစေ♥★

ဆယ်ကျော်သက်အရွယ်ဆိုတာ...ဖူးပွင့်စအရွယ်လေးတွေပေါ့ ..
.ဖူးပွင့်စအရွယ်မှာ ..အရမ်းကို ..ဂရုစိုက်ရမယ့်အရွယ်လေးတွေပေါ့။

အလှသွေးကြွယ်ချိန်၊ အပူအပင် ကင်းမဲ့နေချိန်၊ ပျော်စရအကောင်းဆုံးအချိန်လေးတွေပေါ့။

ရှင်းကဗျာလေးထဲကလို ဆို

 ပန်းတပွင့်

ပွင့်သစ် စရွယ်

ပန်းနုနယ်ကို

ချုချင်သူဝိုင်းနေချိန်ပေါ့..

ဆယ်ကျော်သက်အရွယ်မှာ ...ယောကျာ်းလေးဖြစ်ဖြစ် ၊မိန်းကလေးဖြစ်ဖြစ်၊
စိတ်ကစားကျတဲ့ အရွယ်လေးတွေပေါ့။

လူုကြီးတွေလုပ်တာဘယ်ကိစ္စမဆို အတုမြင် အတတ်သင်ချင်လာတယ်
အပေါင်းအသင်း များ တတ်လာမယ် ဆယ်ကျော်သက်အရွယ်ဆိုတာ.....ပညာသင်စအရွယ်လေးတွေပေါ့ .
..ဘ၀ရည်မှန်းချက်ပန်းတိုင်တခုရောက်ဖို့ကြိုးစားသင့်တဲ့အရွယ်လေးပေါ့။
အရွယ်သုံးပါး မှာ ပထမအရွယ်...ပညာရှာ၊ ဒုတိယအရွယ်...ဥစ္စာရှာ၊တတိယအရွယ်..တရားဘာဝနာရှာမှီးသင့်တယ်..
အရွယ်အပိုင်းအခြားအလိုက် ဆို ....ဆယ်ကျော်သက် အရွယ်ဆိုတာ...
ပညာ ဆည်းပူးရမယ့် အရွယ်လေးတွေပေါ့။ မကောင်းတာကိုပယ်...ကောင်းတာကို အတူယူပြီး
ပညာ ကို ကိုယ်ဘ၀တိုးတတ်ရာ ဆည်းပူ ကြရမယ်။
အချစ်ဆိုတဲ့အရာကို... လက်တွေ စူးစမ်း မိလို့ ....မိမိကိုယ်ကို တန်ဖိုးမထားဘဲ ...
ဆိတ်ကွယ်ရာ နေရာ မှာအချိန်ကုန်မယ်
ပညာ မပြည်စုံပဲ သူငယ်ချင်းတွေသွေးထိုးပေးမူ၊ မိဘကိုအရွဲ့တိုက် ဘွဲ့ကမရ
ပညာကမပြည်စုံ တော့ ပညာရေး၊အိမ်ထောင်ရေး၊ ကျန်းမာရေး ၊လူမူရေး အကုန်ချို့ယွင်းလာပြီပေါ့၊
ဆယ်ကျော်သက် အလှသွေးကြွယ်ချိန်မှာ.... ပညာတွေပြည်စုံအောင် ...ရှာဖွေသင့်တယ်
မိန်းကလေးဆိုလည်း ...ကိုယ်ဘ၀ကိုကိုယ်တန်ဖိုးထားမှာ.....သူများကလည်းတန်ဖိုးထားမယ် ၊ ယောကျာ်းလေးဆိုလည်း....  စိတ်ဓါတ်ကော ...သိက္ခာကော.... ကိုယ်ကိုကိုယ်မြှင်တင်မှ
သူများ လည်း ကိုယ်တန်ဖိုးသိမယ် ။
ယောကျာ်းလေးရော၊ မိန်းကလေးပါ ကိုယ်ကျင့်တရား၊ ဂုဏ်သိက္ခာ ဆိုတာ
လူတယောက် တန်ဖိုးဆိုတာမမေ့သင့်ပါဘူး။
ဆယ်ကျော်သက် အရွယ်မှာ ပျော်စရာမရှာဘဲ
ယနေ့လူငယ်ဆိုတာ အနာဂါတ်ခေါင်းဆောင်လေးတွေပါ
ဖူးသစ်ပန်းပွင့်လေးတို့ရေ ...ပန်းလေးဘ၀လှပစွာဖူးပွင့်နိုင်ဖို့ ...စာပေအသိ ရှိမှ ....စဉ်းစားဆင်ခြင်နိုင်မယ်။ ဆယ်ကျော်အလှ... ဘ၀အလှတွေ... ပျောက်ဆုံးကာ မသွားဖို့ ....ဘ၀ပန်းတိုင် ကို ..လှပစွာလျှောက်လှမ်းနိုင်ဖို့ စာပေအသိ၊ ပတ်ဝန်းကျင်အမြင်နဲ့ ....စဉ်းစားဆင်ခြင် ....သုံးသတ်ပြီး ပန်းဘ၀လှပအောင် နေထိုင်ရမယ်။ကိုယ်ဘ၀ရည်မှန်းရာ ပန်းတိုင်ကိုလှပစွာ ထုဆစ်နိုင်ပါစေ။
 မိဘက ချီးမွမ်းရတဲ့ သားကောင်း၊သမီးကောင်းတွေဖြစ်ကြပါစေ။
ရှင်းလည်းကြိုးစားနေဆဲပါ ။
အသိ ၊သတိလေးနဲ့ ဆင်ခြင်နိုင်ကြပါစေ။

အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ