Tuesday, September 11, 2012

စားကြမယ့်ဟေ့ကောင်းကောင်း(ရှောက်သီးသုတ်နဲ့ကြာဇံဟင်းခါး)

သူငယ်ချင်းတိုရေ
မိုးအေးအေးနဲ့ချမ်းစိမ့်စိမ့်မိုးရာသီးလေးမှာ
သူငယ်ချင်းတို့အတွက်
ရှင်းလက်ရာ
ရှောက်သီးသုပ်နဲ့ကြာဇံဟင်းခါးလေးစားကြရအောင်


လိုအပ်မယ့်ပစ္စည်းတွေကတော့
ရှောက်သီး ၁လုံး
ကြက်သွန်နီ
ပုဇွန်ခြောက်မှုန့်
စိမ်းစားငပိ မီးဖုတ်ပြီးသား အနည်းငယ်
ငရုတ်သီးမှုန့်
ဆား
အချိုမှုန့်
ပဲမှုန့်
ငရုတ်သီးစိမ်း
ရှောက်သီးဖတ်လေးပဲခွာမယ်၊ကြက်သွန်နီပါးပါးလှီးမယ်
ပုဇွန်ခြောက်မှုန့်၊စိမ်းစားငပိ မီးဖုတ်ပြီးသား အနည်းငယ်၊ငရုတ်သီးမှုန့်၊ဆား
အချိုမှုန့်၊ပဲမှုန့်၊ငရုတ်သီးစိမ်းပါးပါးလှီးထည့်မယ်၊အကုန်ထည့်ပြီးပြီဆို
ရှောက်သီးသုပ်လို့ရပြီထည့်မယ်အစာတွေကိုတော့လိုသလိုနှစ်သက်ရာထည့်လို့ရပါတယ်

ကြာဇံဟင်းခါးချက်မယ် ညကတည်းက ရေစိမ်ထားပါ။ကြက်ရိုးတွေပြုတ်ထား၊ကြက်သွန်ဇြူ ဓားပြားရိုက်ထားတာထည့်၊ ပုဇွန်ခြောက်မှုန့်၊မှိုခြောက်၊ပန်းခြောက် စိမ်းစားငပိ အနည်းငယ်ထည့်ပါ။ အနံပျောက်မှ ကြာဇံထည့် ဆား၊ အချိုမှုန့်ထည့်ပါ။  ငုံးဥရှိရင်ငုံဥထည့်၊ငါးဖယ်လုံးလေးတွေထည့်ချင်ထည့်။နောက်ဆုံးဟင်းခါးချတော့မှ
ငရုတ်ကောင်းမှုန့်ထည့်ပါ။
မွှေးပျံ့တဲ့ကြာဇံဟင်းခါးရပီပေါ့
အဟိချားနော်အားနာနဲ့ဒီနေ့အိမ်မှာချက်လို့သူငယ်ချင်းတွေကို
ကျွေးချင်လွန်းလို့
ရှင်းဖျားနေတာတောင်ပျောက်ပြီ

★ပန်းလေးများမညိုးစေချင်……လန်းစေချင်တဲ့ရှင်းမေတ္တာ★

မိန်ကလေးတယောက်ကို အများက ပန်းတပွင့်တင်စားကြတယ်
ပန်းလေးတပွင့် ကရေ ၊မြေ ၊ရာသီဥတုလိုအပ်သလို ပိုးမွှားအန္တရာယ်မကျအောင်စောင့်ရှောက်မယ့်
ဥယျာဉ်မှူးကောင်းလိုအပ်တယ်
မိန်းကလေးတယောက် ကလည်း မိဘ၊ပတ်ဝန်းကျင် လိုအပ်တယ်။
မိဘက ပေးလိုက်တဲ့အသိပညာနဲ့ စဉ်းစားဆင်ခြင်မယ်
ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာမယ်
ဘယ်လိုလူတွေကိုဘယ်လို သတ်မှတ်ပြီး ဘယ်လိုလူတွေလူတွေကရှောင်ဖယ်လည်း
ကိုယ်ကိုကိုယ့်ဘယ်လိုကာကွယ်မလည်း ဥယျာဉ်းမှူးဆိုတဲ့မိဘတွေကတော့ စိုက်ပေးလိုက်ပီး
ပန်းပွင့်လေးလှအောင်တော်အောင် ကိုယ်ကိုတိုင်ကကော ဘယ်လို ရှင်သန်မလည်း
မိဘကပေးလိုက်တဲ့ပညာကိုဘယ်လိုအသုံးချမလည်း ဘယ်လိုနေထိုင်ပြုမူမလည်း ကိုယ့်ဘ၀မြင့်မာအောင်းဘယ်လိုလုပ်မလည်း အသိတရားနဲ့စဉ်းစားဆုံးဖြတ်ရမယ်
ပန်းပွင့်ဆိုရင်လူတွေက ခူးချင်တဲ့လူတွေကြီးပဲ ပန်းလေးလှလေ လိုချင်ကြလေ
ပန်းလေးလှတာကို တပ်မက် ၊ကြိုက်လို့၊ချစ်လို့ အမျိုးမျိုး ခူးချင်ကြတယ်လေ။
ကိုယ်ကမိန်းကလေးတယောက်ဖြစ်တဲ့အတွက် အများကြီးစဉ်းစားရမယ်
ချစ်တာ လား ကိုယ့်ကိုကြိုက်တာလား အလိုရမ္မက်စိတ်နဲ့ လိုချင်တာလား
ကိုယ်ကိုကိုကာကွယ်ရမယ် သူအလိုလိုက်သူအကြိုက်သဘောထားလိုက်ရင်တော့ ပန်းပွင့်လေးခမျာအများအလည်မှာ တံထွေးခွက်ထဲပက်လက်လှန်ဖြစ်ပြီး မိဘလည်းအရှက်ရ ကိုယ်လည်း မျက်နှာမလန်း လူတောမတိုးနိုင် ဖြစ်ပြီပေါ့။
ဒါကြောင့်မို့လို့ ပန်းလေးလို့တင်စားတဲ့မိန်းကလေးတို့ရေ ပန်းလေးဘ၀တို့မညိုးနွမ်းရအောင်
သဇင် လိုတော်ဝင်ပြီး
နှင်းဆီးပန်းလိုကာကွယ်ပါ
စံပယ်လိုဖြူစင်စိတ်ထားပါ
ခရေပန်းလိုဘ၀လောကဓံကြံ့ကြံ့ခံနိုင်ပြီး ပန်းအလှပွင့်လန်းနိုင်ပါစေ ။

ရှင်းလည်းကြိုးစားနေဆဲပါ
အများအလယ်မှာလှပတဲ့ပန်းလေးတပွင့်ဖြစ်နိုင်ကြပါစေ
လေးစားလျှက်
ရှင်းသန့်မေ

Tuesday, September 4, 2012

♥♫ဘ၀အတွက်..အလုပ်လုပ်ခြင်းဖြင့်..ရှင်သန်ကြပါစို့။♥♫

လူပတ်ဝန်းကျင်မှာ...လုရယ်လို့ဖြစ်လာပြီဆို...
အသက်ရှင်သန်နေထိုင်ရေးအတွက်..
.ကြိုးပမ်းရတယ်...
.ကိုယ်တယောက်စာအတွက်...အရင်ကြိုးပမ်းရတယ်..
နောက်မိသားစု...မိဘ..မောင်နှမအတွက်..ကြိုးပမ်းရတယ်.
..အိမ်ထောင်ကျချိန်မှာတော့..ကိုယ့်ဇနီး...ကိုယ့်သားသမီး..ကြိုးပမ်းရတယ်။ စားဝတ်နေရေးရှင်သန်ဖို့အတွက်.
..အားထုတ်ရာမှာ..လောဘ..ဒေါသ..မောဟတွေပါလာမယ်။
လောဘရှိတိုင်းလည်း..မကောင်းသလို..
ဒေါသရှိတိုင်းလည်းမကောင်းဘူး။မောဟတတ်လာရင်ပိုဆိုးသေးတယ်။
ကိုယ်ပိုင်ဆိုင်တဲ့ပိုင်ဆိုင်မူကို
သင့်တင်လျောက်ပတ်အောင်...ခြိုးခြံ.နေရမယ်။ထိန်းသိမ်းစောင့်ရှောက်ကြရမယ်..
.ဘ၀ကိုရိုးရှင်းစွာ...နေထိုင်သင့်တယ်...
ကိုယ်ဘ၀ရပ်တည်မူအလိုက်...နေပူမရှောင်...မိုးရွာမရှောင်..အလုပ်လုပ်ကြရတယ်။
အလုပ်လုပ်ရင်းနဲ့ ပတ်ဝန်းကျင်ကို...
ဆက်ဆံတတ်လာမယ်။လုပ်ဆောင်မူတခုအောင်မြင်တိုင်း
...ကိုယ်ပျော်ရွှင်မူကိုခံစားရမယ်။အလုပ်မလုပ်တဲ့လူက..သံချေးတတ်သွားနိုင်တယ်။
စိတ်သံချေးတတ်ရင်...လူတွေက..ကိုယ့်ကိုအထင်သေးလာမယ်
အလုပ်လုပ်တဲ့အတွက်...စိတ်ဓါတ်ကြံ့ခိုင်မူရှိတယ်။မိမိကိုယ်ကိုယုံကြည်မူရှိလာမယ်။
ကိုယ်ဘ၀ရှင်သန်ချိန်မှာ...
ကျောင်းသားဆိုလည်းကျောင်းသားအလုပ်လုပ်ရင်းရှင်သန်မယ်..
.လုပ်ငန်းခွင် ၀င်မယ့်အရွယ်မှာလည်း...အလုပ်လုပ်ရင်ရှင်သန်နေထိုင်မယ်...
ဘ၀ရှင်သန်နေထိုင်ချိန်မှာ....ပြီးပြည်စုံရယ်လို..မရှိပါဘူး..
သူဌေးလည်း သူဌေးအလျောက်ကြိုးပမ်းနေတာပဲ။ဆင်းရဲတဲ့လူလည်း
ဆင်းရဲတဲလူအလျောက် ကြိုးစားနေတာပဲ...
ဘာပဲဖြစ်ဖြစ်လေ ဘ၀တခုရှင်သန်ဖိုအတွက်
ကိုယ်အတွက်သူများဝန်ထုပ်ဝန်ပိုးမဖြစ်ရအောင်
အလုပ်လုပ်ခြင်းဖြင့်ရှင်သန်နေထိုင်သင့်တယ်ထင်တယ်လေ။
ဒီနေ့လုပ်ဆောင်မူ ကောင်းမှ မနက်ဖန် လုပ်ဆောင်မူ အတွက်အားသစ်တွေရှိလာမယ်
ဆောင်ပုဒ်နဲ့အ ညီ အလုပ်လုပ် ခြင်းဖြင့် ရှင်းတို့ ရည်မှန်းတဲ့
ပန်းတိုင်ကို လျှောက်လှမ်းရင်း လှပ တဲ့ ဘ၀တခုတည်ဆောက်ကြပါ စို့..။


ရှင်းလည်းကြိုးစားနေဆဲပါ
ကျောင်းတတ်ရမှာမို့အလုပ်ခဏထွက်လိုက်တဲ့အချိန်တုန်းကစိတ်ထဲဖြစ်တည်
သွားတဲ့အတွေ့အကြုံလေးပါ။စိတ်ထဲမှာ တမျိုးကြီးပဲအလုပ်ထွက်လိုက်တော့
ကိုယ်ကိုယုံကြည်မူပျောက်သွားခဲ့တယ်လေ လူတွေကလည်း ကိုယ်ကို
တမျိုးမြင်သလိုခံစားလိုက်ရတယ်အမှန်ကိုယ်စိတ်ကဖြစ်နေတာလေ။
သူငယ်ချင်းတွေကိုရှင်းစိတ်ထဲကခံစားမူလေးကိုမျှဝေလိုက်ပါတယ်နော်။
လေးစားလျှက်
ရှင်းသန့်မေ

♥ပျင်း..ပျော်...♥ပျက်...♥ပြေး♥

လူတိုင်းကတော့..ကိုယ်ဘ၀အတွက်ရုန်းကန်နေကြတာပါပဲ။မြို့မှာနေတဲ့လူလည်းမြို့
မှာအလျောက်ရုန်းကန်နေရသလို…တောမှာနေတဲ့လူလည်းတောအလျောက်ရုန်း
ကန်နေရတာပါပဲ။ဘ၀မှာရှင်သန့်နေထိုင်ဖို့နဲ့..၀မ်းတထွာအတွက်…ကြိုးပမ်းနေကြရတာပါပဲ။
ဘ၀မျိုးစုံအလွှာမျိုးစုံအလိုက်..ရုန်းကန်နေရတယ်။ရှင်းဖတ်ဘူးတဲ့
ပျင်း-ပျော်-ပျက်-ပြေး ဆိုတဲ့စကားလေးလုံးကိုအခြေခံပြီးသူငယ်ချင်းတွေကို
အသိတခုမျှဝေပေးချင်လို့ပါ။


ဘ၀လောကဒဏ်အတွက်…ရုန်းကန်နေရတဲ့အခါ..ကိုယ်အရပ်ဒေသ၊ကိုယ်မြို့၊ကိုယ်
ရွာကိုစွန့်ပြီး…တစ်ရွာမပြောင်းသူကောင်းမဖြစ်စကားနဲ့အညီ..လူတွေကကိုယ်ဒေသကိုစွန့်ခွာပြီး
ကိုယ်ဘ၀၀မ်းရှာဖူလုံရေးအတွက်စွန့်ခွာကြရတယ်။
ဘ၀၀မ်းစာအတွက်ရှာဖွေရာမှာ…ရိုးသားစွာနေထိုင်ပြီး..မလုပ်ဘူးတာ…မမြင်ဘူးတာတွေ.
.မကြုံဘူးတာတွေ..အတုမြင်အတတ်သင်ရာမှာ..အလွယ်လိုက်လမ်းမမှားဖို့..
ပညာရှာဖို့ရောက်လာတဲ့…လူငယ်လေးတွေကမိဘကသားသမီးဘ၀တိုးတက်စေချင်လို့
ကိုယ်သားသမီးကို.
.သူများသားသမီးထက်တော်စေချင်တတ်စေလို့..ငါသမီးက
တော့၊ငါ့သားလေးကတော့..တောမှာနေရင်ငါတို့လိုပဲတောင်ယာအလုပ်၊ငါးဖမ်းအ
လုပ်ပဲလုပ်နေရမှာ…သားသမီးဆိုတာ..မိဘထက်ခြေတလှမ်းသာနေရမယ်
ဆိုပြီးမိဘတွေကတော့..အမြော်အမြင်ကြီးစွာ..တောကနေမြို့ကိုပို့လိုက်ကျတယ်။
လူငယ်လေးတွေကလည်းအားတတ်သရော…ရောက်လာတုန်းကတော့…
ငါမိဘအတွက်ငါတို့ကြိုးစားမယ်..စိတ်ကူးနဲ့လာကြတာပေါ့။

လူဆိုတာလည်းခက်သားလား…အတုမြင်အတတ်သင်ချင်လေ။
ကိုယ်မသိတာကိုစူးစမ်းလိုက်ရမှ။တောကတတ်လာတုန်းကတော့ရိုးရိုးလေးပေါ့။အဖေါ်ကလည်းမရှိ၊
ဘယ်သွားလို့ဘယ်လာရမှန်းလည်းမသိလေတော့ (ပျင်း)နေတာပေါ့။
အချိန်ပြည့်စာကိုပဲအပတ်တကုတ်ကြိုးပမ်းနေတာပေါ့။

နောက်ပိုင်းသူငယ်ချင်းအ
ပေါင်းအသင်းကလည်းများလာရော် ..ဟိုသွားချင်..ဒီသွာချင်ဖြစ်လာတော့တာပေါ့။
မိဘကွယ်ရာမှာဆိုတော့
လွတ်လပ်နေကြတာပေါ့။မိတ်ဆွေများလာတော့(ပျော်)တတ်လာတယ်။

မိဘကလည်း
ပံ့ပိုးပေးနေလေတော့…ပူပင်စရာမထား…မိဘဖြစ်သူကတော့…တောင်
ယာလုပ်၊ယာလုပ်ပြီးသားသမီးပညာရေးအတွက်…နေပူမရှောင်..မိုးရွာမရှောင်
လုပ်နေတာပေါ့.ငါ့သားသမီးပညာရေးအတွက်ဆိုပြီး…သားသမီးလုပ်နေတဲ့လူတွေကတော့…
.မိတ်ဆွေအပေါင်းအသင်းများလာတော့…ပိုက်ဆံကမလောက်ငတော့ဘူး
လေ။မိဘတွေဆီကလိုသမျှတောင်း…ကျောင်းကိစ္စကိုအကြောင်းပြပြီးတောင်း…လိုသလောက်မရတော့
…ကျောင်းပြေးတတ်လာပြီး….မိတ်ဆွေအပေါင်းအသင်း
ကောင်းရင်တော့တမျိုးပေါ့….မကောင်းရင်တော့ရင်လေးစရာ…မဟုတ်ကဟုတ်က
အလုပ်တွေလုပ်ပြီး….ဘ၀ရှင်သန်နေဖိုအတွက်..လုပ်မိရင်တော့..မိဘတွေရင်ကျိုးရှာပီပေါ့.
ကိုယ်ကိုတိုင်လည်းဘ၀(ပျက်)ပြီးကိုယ်ရည်မှန်းရာပန်းတိုင်ပျောက်ပြီပေါ့။


သားသမီးဒုက္ခရောက်ပြီးဆို…အရင်ဆုံးတမ်းတမိတာကမိဘပါပဲ။
(ခလုတ်တိုက်မှအမိတစကားပုံ)ထဲကလိုဘ၀လည်းပျက်ရော်ကိုယ်ဘ၀ကိုးကွယ်ရာ
မိဘတွေရှိတဲ့နေရာကို(ပြေး)ရပြီပေါ့။
ကိုယ်ဘ၀ရဲ့အကြီးမားဆုံး…အရိပ်လေးဆီ…ရင်ခွင်ပါပဲ။
သူငယ်ချင်းအားလုံးလည်းရှင်းရေးသားတဲ့စာလေးကိုဖတ်ပြီးအသိတခုတိုးမယ်
လို့မျှော်လင့်မိပါတယ်။
အခုခေတ်လူငယ်ဆိုတာ..နောင်တခေတ်ခေါင်းဆောင်လေးတွေပါပဲ။
ကိုယ်ရည်မှန်းရာပန်းတိုင်ကို…ခလုတ်မထိဆူးမညှိပဲဖြောင်းတန်းစွာလျှောက်လှမ်းနိုင်
ကြပါစေနော်။

ရှင်းလည်းကြိုးစားနေဆဲပါရှင်။
အားလုံးလည်းလိုရာပန်းတိုင်ကိုရောက်နိုင်ပါစေနော်
လေးစားလျှက်
ရှင်းသန့်မေ

★"လဲကျတိုင်းပြန်ထသမီး..ဘယ်တော့မှဘ၀ကိုအရှုံးမပေးနဲ့"★

မောင်လေး ညီမလေး တွေကို စကားတခုပြောချင်ပါတယ်….. စကားတခုထက် …..အသိတခုပေးချင်ပါတယ်
ရှင်း gtalk မှာ….အက်ထားတဲ့ကောင်လေးတယောက်က….ရှင်းကိုလာပြောတယ်လေ
"အမရေ သား  B Tech (second year )ကျတယ်အမရာ စိတ်ညစ်လိုက်တာ"
"အော်..ဟုတ်လား စိတ်ဓါတ်မကျပါနဲ့ ဒီတကြိမ်ရှုံးတာပဲ နောက်တကြိမ်ဖြေလို့ရသေးတာပဲ
ဖြေပေါ့ ကွာ"
"မဖြေချင်ပါဘူး အမရာ ရှက်စရာကြီး "
'အယ်..မောင်လေး မင်းအယူအဆ မှားနေပြီ မင်းလိုမျိုး လဲကျတိုင်းသာပြန်မထရင်
ဘယ်သူမှ အောင်မြင်တဲ့လူရှိမှာမဟုတ်ဘူး"
"မဟုတ်ဘူး အမရ ကျတော် တခါမှ ဒီလို မရှုံးဘုး"
"အော်..မောင်လေးရေ လောကမှာ ဘယ်သူ မှအမြဲမနိုင်သလို ဘယ်သူ မှအမြဲမရှုံးဘူး
မင်းတကြိမ်လဲကျတိုင်းသာပြန်မထရင် မင်း ဘ၀ဒီဘ၀ကကိုတတ်မှာမဟုတ်ဘူး
မင်းကျောင်းဆက်မတတ်ရင် မင်းဘာလုပ်မလည်း မင်း ဒီပညာနဲ့
မင်းမိဘတွေအတွက်ဘယ်လိုလုပ်မလည်း မင်းကို အမ ငယ်ငယ်က ဖေဖေပြောတာ ပြောပြမယ် "
အမငယ်ငယ်က အမ က တော်ရုံနဲ့ လမ်းမလျှောက်တတ်ဘူးတဲ့ဖေဖေ က အမကို လမ်းလျှောက်
တော်တော်ကြာအောင်သင်ခဲ့ရတယ်ပြောတယ်
 မလမ်းလျှောက်တိုင်း လဲလဲကျလိုလေ မလျှောက်နိုင်တော့အမက မလျှောက်ပဲ
အမ ထိုင်နေတယ်တဲ့ အဲတော့ ဖေဖေက ပြောတယ် အမက ငယ်သေးတော့
အဲတုန်းကနားမလည်ခဲ့ပါဘူး ဖေဖေပြောတာဒီလို
(သမီးရေ…ထထ..လမ်းလျှောက်နော် သမီး ခုအညောင်းမခံလိုက်ရင်…. သမီးလမ်းလျှောက်တိုင်း
ပင်ပန်းလို့ထိုင်နေရင်…. သမီးနောင်တချိန်… သမီးနဲ့ရွယ်တူကလေးတွေလမ်းလျှောက်တာမြင်ရင် သမီး ၀မ်းနည်းနေရလိမ့်မယ်)အဲလိုပြောခဲ့တယ်
အမ တို့နည်းနည်းလည်းသိလာတော့ အတန်းထဲမှာ အဆင့်ကျသွားတိုင်းအမငိုတော့ ဖေဖေကထပ်ပြောခဲ့တယ်
(သမီးရေ ဘ၀မှာလည်း လဲကျတိုင်း ငိုနေမယ်ဆို လဲကျတိုင်းအဲဒီမှာပဲရပ်မနေနဲ့သမီး လဲကျတိုင်း
 အဲဒီနေရာကပြန်ထ ပြန်ကြိုးစား ကိုယ်လဲကျခဲ့တာ  ဘာလို့လည်း ပြန်ကြည့်
ပြီးရင်သင်ခန်းစာပြန်ယူ ပြန်ထ )လို့ပြောခဲ့တယ်။
"ဖေဖေစကားကြောင့် အမ ဒီအရွယ်ထိ ဒီအချိန်ထိ ရပ်တည်နိုင်ခဲ့တာ မောင်လေး"
"ဟုတ်….အမဖေဖေပြောတာမှန်ပါတယ် အမ ရယ် ဒါပေမယ့် လေ အငယ်တွေနဲ့
ကျတော်အတန်းတူတူတက်ရမှာရှက်စရာကြီး"
"ဘာမှမရှက်နဲ့ မင်းစိတ်ထဲမှာ မင်းမိဘအတွက် ငါ ထပ်ကြိုးစားမယ် လို့တွေးလိုက်
အဲဒါမင်း ဘ၀အတွက် ခွန်အားတွေရှိလာမယ်မင်းမိဘတွေက
 မင်းဒီဘ၀ထိဖြစ်လာအောင်ဘယ်လောက်
ရုန်းကန်ခဲ့ရမလည်းမင်းစဉ်းစားကြည်လေ…မိဘအတွက်လို့တွေးလိုက်တာနဲ့တင်
မင်း ကျေးဇူး      ဆပ်ရာရောက်သွားပြီ မင်းဆက်ဖြေလိုက်ပါ သားကောင်းတယောက်ဖြစ်အောင်"
"ဟုတ်…အမကျတော်နားလည်ပါပြီ ကျတော်ဆက်ဖြေလိုက်ပါမယ်
ကျတော် က ကျတော် အတွက်ကြည့်လိုက်မိတယ
် မိဘတွေအတွက် မစဉ်းစားမိလိုက်ဘူး အမ ကိုကျေးဇူးပါ အသိတခုမြင်အောင် ဖွင့်ပေးလိုက်လို့ ကျတော်မိဘတွေကိုကျတော်မဖြေဘူးပြောလိုက်တော့ မေမေ ၀မ်းနည်းနေတယ်လေ …
ကျတော်ပြန်ပြောလိုက်ပါမယ် ကျတော်ပြန်ဖြေပါမယ့်လို "
"အင်း..ရှင်းလည်းကုသိုလ်ရတာပေါ့ ရှင်းလည်းမောင်လေးလိုပဲဖြစ်ဖူးတယ်လေ ….."လဲကျတိုင်းပြန်ထသမီး..ဘယ်တော့မှဘ၀ကိုအရှုံးမပေးနဲ့"
ဖေဖေပြောတာကို သတိရရင်ခွန်းအားတွေရှိလာပြီးပြန်ပြန်လုပ်လုပ်တယ် ပြန်ထတယ် "
ရှင်းလေ အဲဒီကောင်လေးကိုပြောလိုက်လို့ အဲဒီကောင်းလေးနားလည်ပြီး စာမေးပွဲပြန်ဖြေမယ် ပြောတောပြောလိုက်တာရှင်းပညာအလင်းတခုပေးလိုက်နိုင်တယ်လေ ၀မ်းသာပီတီနဲ့မျက်ရည်တောင်ဝိုင်းမိတဲ့အထိပါပဲ
မောင်လေး ညီမလေးတို့လည်း အဲဒီကောင်လေးလို
လဲကျတိုင်း ပြန်ထ နိုင်ပါစေ ခွန်အားသစ်တခုတိုးပါစေလို့ရှင်းဆုတောင်းပေးလိုက်ပါတယ်။
ဘ၀မှာ အမြဲ မနိုင်နိုင်သလို အမြဲတမ်းလည်း မရှုံးနိမ့်နိုင်ပါဘူးလေ….
ရှင်းကိုယ်တွေ့ဖြစ်ရပ်လေးတခုကိုဝေမျှလိုက်ပါတယ်။

အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

Friday, March 9, 2012

မောင်ကိုပေးတဲ့အချစ်က...ထာဝရအချစ်ပါပဲမောင်

မောင်ရေ
လူတိုင်းကတော့

အချစ်ဆိုတာကို

လူတွေကအမျိုးမျိုးဖွဲ့ကြတာပါပဲ

မေတ္တာကိုလည်း..ချစ်ခြင်း၊

တဏှာကိုလည်း ..ချစ်ခြင်းလို့ ပြောကြတယ်

ဒါပေမယ့် ဒီနှစ်မျိုးရဲ့ 

အတွင်းသဘောကတော့ တခြားစီပါပဲ..မောင်ရယ်

အချစ်ကထာဝရ မဟုတ်ဘူးဆိုရင်

လောကကြီးတွင် ဘယ်အရာက ထာဝရရှိလဲ
(528)မေတ္တာကတော့ဘယ်အရာမှနှိုင်းယဉ်လိုမရနိုင်ပေမယ့်
(1500)အချစ်ဆိုတာကရော
ထာဝရမတည်မြဲဘူးလား
မေတ္တာချစ်နဲ့ချစ်တဲ့အချစ်ကငြိမ်းချမ်းပါတယ်

မေတ္တာအချစ်က..ကိုယ်ချစ်သူရဲ့

အကျိုးကို ကြည့်ပါတယ်

ကိုယ်ချစ်တဲ့သူကို ကျွေးမွေးပြုစုတာ၊

ဘေးရန်ကင်းအောင်

စောင့်ရှောက်ချင်တာ မေတ္တာချစ်ပါ

ချစ်သူ့အကျိုးကို ပဲကြည့်တယ်လေ

“ချစ်ခြင်းမေတ္တာဆိုတာ

သူ့ဘာသာသူ ဒီအတိုင်း တည်ရှိနေရုံနဲ့

အဓိပ္ပါယ်မပြည့်စုံပါဘူး။

သူလိုအပ်ချိန်တိုင်းသူဘေးမှာ

ဖေးကူပြီးနှစ်သိမ့်ပေးမှ

အဓိပ္ပါယ်ပြည့်စုံမှပါ

ချစ်ခြင်းမှာ ဘာကြောင့် ချစ်တယ် ဆိုတဲ့

အကြောင်းပြချက်မရှိပါဘူး

ဘယ်လို ချစ်ခြင်းမျိုးကိုပဲ ဖြစ်ဖြစ်

အလွယ်တကူ ခွဲပစ်နိုင်တာဟာ

သူတစ်ပါးရဲ့ ကြားစကား၊ ကြားလုပ်ရပ်ပါပဲ။

တစ်ခါတစ်ခါ ကိုယ်ချစ်တဲ့

သူကကိုယ့်စကားထက်

ကြားစကားကို ယုံမိတတ်တာဟာ

ကြီးမားတဲ့ချစ်ခြင်းအတွက်
ကြီးမားတဲ့..အန္တရာယ်တစ်ခုပါပဲမောင်ရယ်
မောင်ကိုချစ်တဲ့အချစ်က....ထာဝရအချစ်ပါပဲမောင်


အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
စစ်မှန်တဲ့ချစ်ခြင်းဖြင့်ချစ်နိုင်ကြပါစေ