..
ရှင်းသာကဗျာလေးတစ်ပုဒ်ဖြစ်ခဲ့မယ်ဆိုရင်..
ရှင်းသာကဗျာလေးတစ်ပုဒ်ဖြစ်ခဲ့မယ်ဆိုရင်..
..
ကဗျာဖတ်သူတွေကို ...စာကိုစာလိုမဖတ်ဖို့တောင်းပန်ချင်ပါတယ်..

ရင်ဘတ်နဲ့ခံစားရေးစပ်တဲ့ကဗျာကိုရင်ဘတ်နဲ့ခံစားဖို့..
..
ဖတ်သူရင်ဝယ်တခဏတာကြည်နူးမူရစေချင်လို့ပါ..

ချစ်ခြင်းဖွဲ့ကဗျာလေးတွေဖတ်ရင်းကိုယ်ကိုတိုင်ခံစားနေရသလို..

ဘ၀ကဗျာလေးဖတ်ရင်းအော်ဘ၀ဆိုတာဒီလိုပါလားသိစေချင်လို့..

လောကဒဏ်ကိုအံတုတဲ့ကဗျာလေးဖတ်ဖြစ်မယ်ဆို........

လောကဒဏ်ကိုကြံ့ကြံ့ခံနိုင်ဖို့အားရှိစေချင်လို့။..

အမုန်းကဗျာလေးဖတ်မိရင်အမုန်းဆိုတာပူလောင်ပါလားသိစေချင်လို့..

သံဝေဂကဗျာတွေဖတ်ဖြစ်ရင် အတူယူတတ်စေချင်လို့..
..
ကဗျာကရေးရတာလွယ်လားမေးရင်လိုပြောရင်..

ရှင်းသာကဗျာဖြစ်မယ်ဆိုရင်....တွေးလိုက်လေ..

ကဗျာထဲမှာ...ဘာဖြစ်ချင်လည်း..
ကဗျာထဲမှာ...ဘာဖြစ်ချင်လည်း..
..
တွေးကြည့်လိုက်ကဗျာရေးတာမလွယ်တော့မလွယ်ပါဘူးလေ..

ရှင်းကကဗျာဆရာမတော့မဟုတ်ဘူးနော် ၀ါသနာပါလိုသာရေးသားခြင်းဖြစ်ပါတယ်....
..
..ဒါပေမယ့် ကဗျာလေးတွေကို ချစ်တယ် ..
..ဒါပေမယ့် ကဗျာလေးတွေကို ချစ်တယ် ..
..
ကဗျာလေးတွေနဲ့ထပ်တူဖြစ်ချင်တယ်..
ကဗျာလေးတွေနဲ့ထပ်တူဖြစ်ချင်တယ်..
..
တသားတည်းဖြစ်ချင်တယ် ကဗျာလေးနဲ့ထပ်တူဝမ်းနည်းမယ်၊ကြည်နူးမယ်

၊မုန်းမယ်၊ချစ်မယ်..
၊မုန်းမယ်၊ချစ်မယ်..
..
လောကဒဏ်ရင်ဆိုင်မယ်..
လောကဒဏ်ရင်ဆိုင်မယ်..
..
ကဗျာကနေတိုင်းရေးတိုင်းတော့ကဗျာတွေထွက်မလာနိုင်ပါဘူး။..

တခါတလေအကြောင်းအရာစဉ်းစားရင်အချိန်သာကုန်ခဲ့ရတယ်..

ကဗျာရေးသူတယောက်ကလက်တွေဘ၀အချစ်ကိုရူးသွပ်ရင်..

ကဗျာကပိုအသက်ဝင်တယ်တဲ့..
..
ကဗျာထဲကအလွမ်းတွေ နင့်စူးစေဖို့ အချစ်မှာ ရူးခဲ့ဖူးပါတယ်....
..
လက်တွေ.ရေးနိုင်ဖို့ လက်တွေ့ အသည်းကွဲခဲ့တာမဟုတ်ပေမယ့်..

အသည်းကွဲခဲ့ခြင်းတွေကို လက်တွေ.ရေးသားနိုင်ခဲ့ပါတယ်..
..
ကဗျာတွေရဲ့ စာကြောင်းတွေမှာ ..

ငိုရှိုက်သံတွေပါတာကိုထည့်သွင်းခဲ့တိုင်းလည်းလက်တွေ့အပြင်မှာ..

ငိုချင်လာမိတယ်ကဗျာနဲ့တသားတည်းကျခဲ့တယ်..
ငိုချင်လာမိတယ်ကဗျာနဲ့တသားတည်းကျခဲ့တယ်..
..
အချစ်၊အမုန်းမေတ္တာ၊သင်္ခါရ၊ဘ၀၊လောကဒဏ် .ဒါတွေကငါအတွက်အဖေါ်မွန်တွေပါပဲ..
..
သူတို့ရဲ့ ထွက်လာတဲ့သံစဉ်တွေကို ငါထုဆစ်ခွင့်ရတယ်လေ..

ရှင်းသာကဗျာဖြစ်မယ်ဆိုဖတ်သူရင်ဝယ်..
ရှင်းသာကဗျာဖြစ်မယ်ဆိုဖတ်သူရင်ဝယ်..
..
စာဖတ်သူစိတ်ကို စိတ်ကို တစ်စုံတစ်ခုလက်ဆောင်ပေးခဲ့နိုင်အောင် ..
ကြိုးစားချင်မိတယ်..
..
ရှင်းသာ ကဗျာလေးတစ်ပုဒ်ဆိုရင် ..

လူတွေစိတ်ကိုညိုယူနိုင်မယ့် စကားလုံးတစ်ချို့နဲ့ ကဗျာတွေဖန်ဆင်းပေးမိမှာပဲ....

ရှင်းကဗျာတွေစာတွေဖတ်ပြီး အသိတခုရရှိသွားရင်ကျေနပ်ပါတယ်ရှင်..

အားလုံးကိုလေးစားလျှက်
..
ရှင်းသန့်မေ..
ရှင်းသန့်မေ..

No comments:
Post a Comment