နောက်ကျမှ ရောက်လာတဲ့...
.တွေ့ဆုံခြင်း ဆိုပေမယ့်....
မျှဝေခံစားရင်း ကဗျာတွေသီကုံး
စာယဉ်ကြောမှာ ကာရန်တွေညှိခဲ့ကြတဲ့
နေ့ လေးတွေကို.....လွမ်းတယ်
တယောက်ကိုတယောက်နားလည်မူနဲ့
တစ်ယောက်ကိုတစ်ယောက် ခွင့်လွတ်နားလည်ရင်း
အေးအတူ ပူအမျှ ဖေးကူမလို့...
ဘဝရဲ့ ခံစားချက်တွေ နှလုံးသားရဲ့အားငယ်မူတွေ...
စိတ်ပျက်အားငယ်ချိန်တွေမှာလည်း ..
. တစ်ဦးကိုတစ်ဦး
တွန်းအားလေးတွေပေးခဲ့ကြတယ်လေ..
အချစ်ပင်လည်းစပျိုးလိုက်ရော
သံယောဇဉ်တွေဖြစ်ထွန်း မေတ္တာကျွန်းမှာ
အချစ်မျိုးစေ့လေးတွေက အစို့အညှောင့်ထွက်လာခဲ့ကြတယ်...
နွေတစ်ရာနဲ့ ပတ်ကြားအက်နေတဲ့ငါ့ကမ္ဘာမှာ
ဒီအချစ်မျိုးစေ့ လေးတွေ
ယုယမြတ်နိုးစွာစိုက်ပျိုးမိခဲ့တယ်...
မျိုးစေ့လေးအောင်အောင်တောင်မစောင့်ဘဲ
.ချစ်သစ်ပင်လေး ရှင်သန်ကြီးထွားခွင့်မရခင်မှာပဲ
.နာကျင်အောင်လုပ်ရက်တယ်ကွယ်.........
အို.......
ထိချက်ကပြင်းလိုက်ပါဘိ.....
.တစ်ခါသေဖူးတာတောင် ပျဉ်ဖိုးနားမလည်တဲ့
..... သူငယ်မ...
အချစ်ကို..ပူလောင်မှန်းသိလျက်နဲ့ ..
.အချစ်မီးတောက်ရဲ့ ပူလောင်ခြင်းဒဏ်ရာကိုသိသိကြီးနဲ့
ပိုးဖလန် လေးလို ဝင်တိုးဖို့ကြံရွယ်မိပြန်တယ်
သေချာတာတစ်ခုကတော့
အတုအယောင် မေတ္တာနဲ့
အယုံလွယ်တဲ့ ငါ့နှလုံးသားလေးနဲ့ အလိမ်ညာခံခဲ့ရတဲ့
အလိမ်ညာခံရတဲ့ ငါ့ခံစားချက်တွေ
မယုံနိုင်အောင်ကို
ငါ့ ရင်ဘတ်တစ်ခုလုံးကို စုတ်ပြတ်သတ်စေခဲ့တာမို့
အချစ်ဆိုတဲ့အရာ ငါနဲ့ ဝေးဝေးကို ထွက်သွားပေးစမ်းပါ...ဟာ ...။။။။
ချစ်ခြင်းဟန်ဆောင်မူကင်းပါစေ
အားလုံးကိုလေးစားလျှက်
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
No comments:
Post a Comment