Wednesday, August 21, 2013

ခရီးသွား....ငါ


ဘ၀ခရီးလမ်းတလျှောက်

ညီညာတဲ့လမ်းရှိသလို

မညီညာတဲ့လမ်းလျှောက်လှမ်း

ကောင်းတာတွေသင်ယူ

ဆိုးတာတွေပစ်ပယ်လို့

ထောက်ပြဝေဖန်သင့်တာ

ထောက်ပြဝေဖန်

ဥပေက္ခာပြုသင့်တာတွေကိုလည်း

ဥပေက္ခာပြုထားခဲ့လို့

ကိုယ်လိုချင်တဲ့ ပန်းတိုင်ခရီးတခုရောက်အောင်

ဆက်လက်ခရီးနှင်နေဆဲပဲပေါ့  ။


တွေ့ကြုံခဲ့သမျှအဖြစ်အပျက်တွေကို

သင်ခန်းစာယူ့ 

ပြင်သင့်တာကိုပြင်

ပယ်သင့်တာကိုပယ်

အစွန်းနှစ်ဖက်လွတ်အောင်ရှောင်ကာ

ခရီးကိုဆက်သွားနေဆဲပါ့  ။


ခရီးလမ်းတလျှောက်မှာတော

အမြင်မတော်တာတွေ့တွေ့

ရင်မှာ မွန်းကြပ်ခံစားလာရင်တော့

ကဗျာတွေ စာတွေသွန်ချလိုက်တယ်

မှားချင်လည်းမှားမယ်

မှန်ချင်လည်းမှန်မယ်

ငါလည်းလေခရီးသွားပေမို့

ိကိုယ်သမိုင်းကိုယ်ရေးရင်း

ငါလည်းခရီးတခုကိုဆက် နှင်နေဆဲ.....


ခရီးလမ်းတလျှောက်

ပန်းခင်းလမ်းဖြစ်ချင်လည်းဖြစ်မယ်

ခယောင်းလမ်းဖြစ်ချင်လည်းဖြစ်မယ်

သွားနေတဲ့ခရီးလမ်းရပ်ထားလို့မှမရတာ

ဆက်လျှောက်..ဆက်လျှောက်


လေးစားလျှက်
ရှင်းသန်မေ

No comments:

Post a Comment