Monday, August 19, 2013

ဖွဲလို့မမှီ မိဘဂုဏ်ရည်



ရင်သွေးအချစ် ပန်းတပွင့်နှယ်

ကြီးမားမေတ္တာ ရင်နှစ်လွှာမှာ

ယုယပိုက်ထွေး တုနှိုင်းမရှိ

မိဖရင်ခွင် ဥယျာဉ်ခြံတွင်

ပွင့်ဖူးတူညီ ပန်းမျိုးစုံတို့

သီတာရေစင် ရောင်စုံပန်းများ

လှပလွန်းစွာ အမျိုးစုံညီ

ဖူးပွင့်ကြသည်။

ကမ္ဘာ့ရပ်ရွာ ရင်ခွင်ကျယ်မှာ

အချစ်တေးသီ ကကြိုးချည်လည်း

အနှိုင်းမဲ့သခင် လင်္ကာရှင်တို့

မြင့်မိုရ်ထက်မြင့် တုနှိုင်းမမှီ

လင်္ကာသီလည်း ဖွဲ့လို့မမှီ

မိဘမေတ္တာ ရင်ခွင်သာတည်း။



ကဗျာချစ်သူများအားလေးစားလျက်
ရှင်းသန့်မေ

No comments:

Post a Comment