Monday, August 19, 2013

တင်ဆက်သူများ

မတူတဲ့အရပ်ကနေ

မတူတဲ့သံစဉ်ရေးစပ် ရင်း

တူညီတဲ့ခေါင်းစဉ်တခုအောက်မှာ

မတူညီတဲ့ ရသစုံကို တင်ဆက်ကြမယ်

ကလောင်သွားတွေထက်ထက်နဲ့

ကိုယ်ထက်သန်ရာ အနုပညာနဲ့

အသိပညာ ဗဟုသုတ

ရူထောင့်စုံစွာ

စာဖတ်သူများကိုဝေမျှမယ်

တို့ကလောင်သွားတွေ

တိုင်းပြည်အရေး တထောင့်တနေရာကနေအကျိုးပြုကြမယ်

မှန်ကန်တဲ့စိတ် မှန်ကန်တဲ့ အနုပညာ

မှန်ကန်တဲ့စာသားနဲ့

အလင်းပြကြမယ်

တင်ဆက်သူများ သက်သက်မဟုတ်

အမှောင်ထဲကလူကိုအလင်းဆောင်

တင်ဆက်သူများဖြစ်အောင် တင်ဆက်ကြမယ်


စာပေအရောင်ထွန်းလင်းပြောင်လို့ တင်ဆက်သူကောင်းများဖြစ်ကြပါစေ။

အားလုံးချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ
Like · · Unfollow P

No comments:

Post a Comment