Monday, August 19, 2013

အလွမ်းရင့်ရင့်




အလွမ်းရယ်ရင့်

လွမ်းပွင့် လဲကြွေ

ဆွေးရိပ်ဝေဒနာ

သူ..မသနား

ရင်ထဲကအချစ်

မေ့ပစ်မရ

တသသရှိတုန်း

မျှော်ခဲ့ တဲ့ ချစ်သူ

အလွမ်းတွေ...ထားခဲ့ ပြီလား...။

လွမ်းနေဆဲပါ.

ဖော်ကွာတမ်းချင်း

အလွမ်းတွေပွေ့ ဖက်

သောကကဗျာ

ရေးသီလို့ကောင်းနေတုန်းပါဘဲ ..။

တွေ့ ဆုံကြုံကွဲ

ဖြစ်မြဲဓမ္မတာ

သံသရာထဲ

ပူလောင်အမြိုက်

တွေးရင်းမချိ

ငြိမိသည့် ...နှလုံးသား

အချစ်..လုံးပါးပါးခဲ့ပြီ လေ....။

ကဗျာချစ်သူများအားလေးစားလျက်
ရှင်းသန့်မေ

No comments:

Post a Comment