Wednesday, August 21, 2013

ကျွန်မက နှင်းဆီပါကွယ်



ချစ်သူမွှေးချင်
နမ်းလိုပါလျှင်
မွှေးရနံ့သင်း
ပန်းကလေးပဲ
ဖြစ်လိုက်ချင်

ချစ်သူကမ်းလင့်
ခူးကာခြွေရင်
ဆူးမဲ့ပန်းလေး
ဖြစ်လိုက်ချင်

ချစ်သူနဲ့ဆို
လေပြင်းကြမ်းလည်း
ရဲရင့်ရင်ဆိုင်
ဖြတ်ကျော်ဝံ့သူ
ဖြစ်လိုက်ချင်

ချစ်သူတွက်ဆို
ဆူးပန်းပေမယ့်
မာန်မာနမဲ့
နှင်းဆီပန်းလေး
ကျွန်မပါကွယ်

ကဗျာချစ်သူများအားလေးစားလျက်
ရှင်းသန့်မေ
Photo: ((((ကျွန်မက နှင်းဆီပါ)))) ချစ်သူမွှေးချင် နမ်းလိုပါလျှင် မွှေးရနံ့သင်း ပန်းကလေးပဲ ဖြစ်လိုက်ချင် ချစ်သူကမ်းလင့် ခူးကာခြွေရင် ဆူးမဲ့ပန်းလေး ဖြစ်လိုက်ချင် ချစ်သူနဲ့ဆို လေပြင်းကြမ်းလည်း ရဲရင့်ရင်ဆိုင် ဖြတ်ကျော်ဝံ့သူ ဖြစ်လိုက်ချင် ချစ်သူတွက်ဆို ဆူးပန်းပေမယ့် မာန်မာနမဲ့ နှင်းဆီပန်းလေးကျွန်မပါကွယ် ကဗျာချစ်သူများအားလေးစားလျက် ရှင်းသန့်မေ်

No comments:

Post a Comment