Monday, August 19, 2013

ကြယ်ကြွေညဆုတောင်း



ကြယ်အလင်းနဲ့ 

ငေးရင်းတမ်းတ

မှုန်ဝါးဝါးနဲ့

ညရဲ့ အလယ်

အိပ်မရည

စိတ်လွင့် နေတဲ့ 

ည ရဲ့ ဒိုင်ယာရီမှာ

စာစီခဲ့ တာနေ့တိုင်းပါပဲလေ။

လမင်းကမသာ

ကြယ်ညအလင်း

အိပ်ခြင်းကိုကျော်ဖြတ်

လွမ်းတတ်ခဲ့ တာကြာပြီ ။

ရာသီလည်းကူး

ရူးမတတ်ခံစား

ကြယ်လေးတွေရယ်

ရင်မှာရှိသမျှ

အဝေးကချစ်သူဆီ

အလွမ်းတွေ ပို့ပေးပါကွယ်။

ချစ်တာလဲမဖျက်

သစ္စာလည်းမပျက်

ရတက်ပွေရင်ထဲ

ဝေခွဲမရအလွမ်း

အိပ်မရညအစဉ်

့ ကြယ်ကြွေညတိုင်း.

လွမ်းဆွတ်ခြင်းဝေးပါစေ

.ချစ်သူရယ် ဆုတောင်းနေပါတယ်နော်..။ ။

ကဗျာချစ်သူများအားလေးစားလျက်
ရှင်းသန့်မေ

No comments:

Post a Comment