Monday, August 19, 2013

ဆေးသားပြယ် ပန်းချီကားတချပ်



ချစ်သူ

ငါ့အချစ်က စာမဖွဲ့ လောက်ပေမဲ့

နင့်ကိုချစ်ခဲ့ တဲ့အချစ်

ဘယ်သူပြိုင်ပြိုင်ယှဉ်ရဲတယ်ချစ်သူ

ချစ်ခဲ့ဖူးတဲ့အချစ်

ရင်းနှီးခဲ့တဲ့နှလုံးသား

မြတ်နိုးခဲ့ဖူးတဲ့အကြင်နာ

နင့်အတွက် စာမဖွဲ့လောက်ပေမယ့်

ငါ့အတွက်တော့စွန့်စားမူတခုပါပဲ

ခုတော့

မင်းရဲ့ ဥပေက္ခာကြောင့်

လျှောက်ခဲ့ ဘူးတဲ့လမ်းကလေးမှာ

အထီးကျန်စွာ လျှောက်လှမ်းရင်။

ခုတော့ နားခိုရာမဲ့နေပြီ

အတိတ်ဆိုတာ အိပ်မက်တခုရယ်သာ

အဲဒီအိပ်မက်ကို ထာဝရသိမ်းထားလိုက်တော့မယ်

ဆွဲခဲ့ဖူးတဲ့ အချစ်ပန်းချီကားတချပ်က

ဆေးသားတွေပျက်ပြယ်

ခုတော့ အချစ်ပန်းချီးကားလေးပျောက်ကွယ်

ဘာမှန်းမသိတဲ့ပန်းချီးကားတချပ်ဖြစ်နေပေါ့

ငါ့အတွက်နင့် နှလုံးသားက

အရောင်ပြယ်ပြီပေါ့ချစ်သူ

ကြေကွဲဖွယ်ရာကောင်းတဲ့

ပန်းချီးကားတချပ်အတွက်

ငါရဲ့ နှလုံးသားလေးဒဏ်ရာဖြစ်ကျန်ခဲ့ပေါ့

ရေးဆွဲဖူးတဲ့ကောက်ကြောင်းတွေကိုမေ့ ပြီး

နှလုံးသားဒဏ်ရာအတွက်

ငါအသည်းတံခါးကိုထာဝရသော့ခတ်လိုက်ပြီ။



ကဗျာချစ်သူများအားလေးစားလျက်
ရှင်းသန့်မေ

No comments:

Post a Comment