Friday, January 11, 2013

`♥အမှတ်မရှိတဲ့...ငါ..`♥


ညနေ....ဆည်းဆာအောက်မှာ

အလွမ်းတွေ..တစစီ
ပြန်ကျဲလို့....နေခဲ့ပြီ


အတုန့်အလှည့်မရှိတဲ့...အချစ်တခု
ရူးမိုက်စွာ....မျှော်လင့်မိတဲ့ငါ
အဆုံးသတ်မှတော့....ဝေးလွင့်ခဲ့ပေါ့



တနေ့ဝေးရမယ်ဆိုတာ...အလိုလိုသိနှင့်ခဲ့

အဆုံးသတ်အလွမ်းနဲ့...ကျန်ရစ်ခဲ့တဲ့
ဒီဇာတ်လမ်းတပုဒ်..အဆုံးသတ်ကမလှ


မင်းအကြင်နာ

မင်းအချစ်

မင်းဂရုဏာ

မင်းချစ်ခြင်းတရား....ပိုင်ဆိုင်ခွင့်ရခဲ့ပေမယ့်

အချစ်များတဲ့...မင်းအတွက်

ငါအတွက်..သီးသန့်တစ်ဦးတည်းပိုင်တဲ့အချစ်

ထပ်ပြီးတော့လည်း...မမျှော်လင့်ချင်တော့ပါဘူး

ငါ့မျက်ဝန်းထဲက..မျက်ရည်တွေနဲ့.


မင်းကို...လွမ်းပြနေပေမယ့်လည်း


အမှတ်မရှိတဲ့..ငါသာ

မင်းအချစ်အောက်မှာ...အကြိမ်ကြိမ်ကျရှုံးရင်းသာ။
တော်တော်ခံရခက်တယ်နော်:D
ကွဲဖူးသူတိုင်းသိမည်။

လေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment