Friday, January 11, 2013

လောကကြီးကလူတွေအားလုံး
ဘ၀ဇာတ်ဆရာအလိုကျ
ငိုကြ
ရီကြပြုံးကြ
မဲ့ကြ
ဒေါသကြီးကြ
မောဟကြီးကြ
လုပ်နေရ
"လူ" ဆိုတဲ့အမျိုးက
ရလေလိုလေအိုတစေ
လူတွေထဲ
ဘက်မလိုက်သူကိုသာ
လက်ညှိုးထိုးပြရမယ်ဆိုရင်
အဲဒီလက်ညှိုးကိုသာဖြတ်ပစ်လိုက်ပါတော့။

♥♥♥



ဘက်မလိုက်တဲ့ရလူတွေကိုသာ
လက်ညှိုးထိုးပြရမယ်ဆိုရင်
အဲဒီလက်ညှိုးကိုသာဖြတ်ပစ်ရမယ်
ကိုယ့်ကိုကိုယ်
ခပ်တိုးတိုးမေးမိတယ်
ငါ့ကိုယ်တိုင်ရော ။

♥♥♥



မေတ္တာငတ်တယ်ဆိုတာဟာ
မေတ္တာရဲ့အရသာခံစားဖူးတဲ့သူရဲ့
ညည်းချင်းတစ်ပုဒ်ပါ။

♥♥♥





လူတွေညာတယ်ဆိုတာ
မွေးကတည်းကညာတတ်လာတာမဟုတ်
ပတ်ဝန်းကျင်များစွာနဲ့ဆက်ဆံပြီး

လောကကြီးကသင်ပေးလိုက်တာပါပဲမဟုတ်လား။

စိတ်ရှုပ်လိုရေးလိုက်မိတယ်
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment