Friday, January 11, 2013

♥အတုခေတ်♥

အမှန်တရားတွေ
ဘယ်ရောက်ကုန်လဲ??????
အမှန်တရားပြန်လည်ပြောဆိုခွင့်မရ
အမှန်တရားက
တိုးတိုးလေးပြောရစကားလား
တချို့လူတိုင်းရဲ့ ပါးစပ်ဖျားမှာ
သကြားခဲပဲစားနေသလား
ခါးခါးတွေ ထွက်မလာဘူး
အမှန်တရားဆိုတဲ့ တံဆိပ်တုံးအတု
လူတိုင်းခတ်နှိပ်ကုန်ပြီ
နှုတ်ခမ်းပေါ်ကအပြုံးတု
လူတိုင်းဖန်ဆင်းကုန်ပြီ
အမုန်းတရားရင်ထဲထား
ကမ္ဘာလောကတခုလုံး
အမှားတွေ ကျုးလွန်
အမှန်တွေ ဥပေက္ခာခံနေရတယ်
ဘာသာ တရားကို

ကြည်ညိုပါတဲ့ဆိုသူတွေ
ဘုရား..ဘုရား...လက်ကကားယားနဲ့

ပြစ်ပယ်ကာထားနေတယ်
ကပ်..ကပ်..ကပ်တွေ
မဆိုက်ပဲနေရော့မလား
ဘယ်မှာလည်းအစစ်အမှန်
ဘယ်မှာလည်းအမှန်တရား
မြေသြဇာလည်းအတု
အစားအသောက်လည်း အတု
ဆံပင်လည်းအတု
မျက်ခုံးမွှေးအတု
အကုန်အတု...အတုတွေခေတ်မှာ
ငါကိုငါတောင်..ငါပြောတဲ့စကားစစ်မှန်ရဲ့လားတွေးနေမိတယ်။
 
အသိတွေမှန်
အမြင်တွေရှင်းပြီး
အတုနဲ့အစစ်ကွဲပြားသိ
အမှားကိုဖယ်
အမှန်ကိုမြတ်နိုးတတ်ရင်ဖြင့်
ဤကပ်ဆိုက်တာတွေကင်းနိုင်ကောင်းရဲ့
ငါဆုတောင်းနေမိတယ်။
ဘာရယ်ညာရယ်မဟုတ်
ဖြစ်နေတာနည်းနည်းပေါက်ကွဲမီလိုက်တာ
တိုက်ဆိုင်မူရှိခွင့်လွတ်မည်သူကိုမျှမရည်ရွယ်ပါ
ဝေဖန်ပေးမူလက်ခံပါ၏။
အစဉ်လေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment