စိတ်မကောင်းဘူး
ညီမလေးရေ
မြင်တွေ့ရတဲ့ခဏ
အံ့သြရလောက်အောင်
မင်းခံစားနေရတာ
မြင်ရလို့ပါ
အွန်လိုင်းအချစ်ကို
တမ်းတမက်မော
အချစ်စစ်လို့
ထင်မိရင်တော့
မှားမယ်နော်
အချစ်စစ်ကို
တန်ဖိုးထားတဲ့လူရှိသလို
အချစ်ထက်
အလှကို မက်မော
အွန်လိုင်းမောဟ
တိုင်းပြည်ထဲမှာ
အချစ်စစ်လို့ထင်မိရင်တော့
မှားမယ်
အချစ်တခုကို
ရလိုစိတ်နဲ့
မောဟနယ်ထဲဝင်မီခဲ့ရင်
သတိထားကွဲ့
အမှားတခုကို
ပျက်မှန်းသိရင်
ပျက်အစဉ်ပြင်ခဏမို့
ညီမလေးရေ
ဒီလိုပဲလေ
ကိုယ်စီကြုံမြဲ
အမှားဆိုတာတော့
လူတိုင်းမှာ ရှိကြတာပဲလေ...
ဒါကိုမမှု အံမတုပဲ
ဆန္ဒကို ဦးစားပေး
မှားယွင်းတဲ့ အတွေးတွေနဲ့
ဖြစ်ချင်ရာဖြစ်
စိတ်စေရာညွှန်
အဆုံးစွန်ထိ မိုက်ခဲ့လို့
ပြန်ကာတမ်းတ
ပြင်မရတဲ့ နောင်တတွေနဲ့
မကြုံရအောင်
`အမှား´ ဆိုတာနောက်ထပ်တခါ
မဖြစ်ရအောင်
နောင်တဆိုတာ
နောင်တဆိုတာ
နောင်မှ ရတတ်တယ်ဆိုတာ
ဆင်ခြင်တတ်ပါ
ညီမလေးရေ
မင်းရဲ့ပါးပြင်ထက်က
မင်းရဲ့ပါးပြင်ထက်က
မျက်ရည်စက်တွေကို
မင်း တန်ဖိုးထားစမ်းပါ
`ပျက်အစဉ် ပြင်ခဏ´ တဲ့
နောက်တစ်ကြိမ်
နောင်တမရအောင်
ကြိုးစားပေါ့ညီမလေးရေ
ညီမလေးတယောက်အတွက်ရေးပေးတာပါ
ညီမလေးခံစားမူပြေပျောက်ပါစေညီမလေးရေ
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
No comments:
Post a Comment