Friday, January 11, 2013

`♥`♥`♥အချစ်..စွမ်းအား`♥`♥`♥


သတိရတဲ့နေ့ရက်တိုင်းမှာ.......
ချစ်သူကိုလေ
လွမ်းရတဲ့အကြောင်း
 

ချစ်ရတဲ့အကြောင်း
သတိရကြောင်း
အချိန်တိုင်းသတိရနေမိတဲ့အကြောင်းတွေပဲပေါ့

ချစ်သူအတွက်

ကဗျာလေးတစ်ပုဒ်ရေးဖြစ်တယ်။



ကဗျာလေးဆိုတာက  စာလေးတွေပေမယ့်
ချစ်သူအတွက်သူတို့လေးတွေကတဆင့်
ချစ်တေးလေးတွေသီ
ချစ်စကားချိုချိုလေးတွေဖွဲ့
ချစ်ခြင်းအပြည့်သီကုံးထားတဲ့
ချစ်သူအတွက်ချစ်အားဆေးတခွက်အဖြစ်
ချစ်ကဗျာလေးတပုဒ်ဖွဲ့တည်မယ်။

ချစ်သူနဲ့အတူ

ဘ၀ရဲ့ အရိပ်တွေ ပျော်ရွှင်မှုတွေ

ဝမ်းနည်းခြင်းတွေမျှဝေခံစားရင်း
 

မဆုံးနိုင်တဲ့ဘ၀ခရီးအတွက်
တူတူလက်တွဲ

တယောက်လက်တယောက်တွဲ
ဖေးမရင်းဖြတ်သန်းကြစို့ကွယ်
ချစ်ကဗျာတပုဒ်နဲ့ချစ်တေးလေးဆို
ချစ်သူအတွက်
ကဗျာလေးတပုဒ်နဲ့အားဖြည့်ပေးမယ်ကွယ်။



 

အားလုံးကိုချစ်ခင်လေးစားလျှက်
ရှင်သန့်မေ

No comments:

Post a Comment