Friday, January 11, 2013

♥မိုး...ချစ်သူလေးရယ်♥

ထက်ကောင်းကင်ဝယ်

တိမ်တွေကထူ

မည်းမှောင်ကာသန်း

ဘယ်အငြိုးနဲ့

ဆင်းသတ်နေရော့လဲ

မိုးစက်တွေရယ်

ဝေးကွာသူတွေကို

တမင်လွမ်းရအောင်

ဖန်တီးနေရော့သလားကွယ်

ကောင်းကင်တခုလုံး

ဟိန်းထွက်လာတဲ့

လျှပ်စီးသံမိုးကြိုးသံတွေက

လွမ်းနေသူကိုပိုပိုလွမ်းဆွတ်အောင်

ဖန်တီးနေရော့သလားကွယ်။

နှလုံးသားရဲ့အချစ်သခင်

အဝေးကမိုးချစ်တဲ့ချစ်သူရယ်

ခြိမ့်ခြိမ့်သဲ. မိုးဖွဲဖွဲအောက်က

မိုးချစ်သူလေးရယ်။

အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment