Tuesday, December 24, 2013

ဒီဇင်ဘာက နှင်းခဲတွေလိုအေးစက်လွန်းတယ် အဖေရယ်



Photo: အဖေဒီဇင်ဘာက နှင်းခဲတွေလိုအေးစက်လွန်းတယ် အဖေရယ် လူဆိုတာ ပျော်ရာမှာမနေရ တော်ရာမှာနေရတယ်တဲ့။ အဖေသမီးတော်ရာမှာနေပါတယ်။ဘယ်မှာနေနေ မပျော်ဘူးဖြစ်နေတယ် အဖေ ။ သမီးအတွက်ဘယ်နေရာဟာ သင့်တော်မယ်ဆိုတာလဲ မသိသေးဘူး ။ လောကကြီးမှာနေကိုမပျော်တော့ဘူး။ဘာမှကို လုပ်မှမလုပ်ချင်တော့တာ မလုပ်တာအကောင်းဆုံးပေါ့ ။ တခါတလေမှာ လောကကြီးက ချောင်းဆိုးရင်ကျပ် ငှက်ဖျားတက်တတ်သေးတယ် သူရင်ကျပ်ရင် သမီးလည်းရင်ကျပ်တတ်လာတယ်။ သူချောင်းဆိုးပြတော့ သမီးလည်းချောင်းဆိုးတတ်လာတယ်။ ပတ်ဝန်ကျင်အရောင်ပေါ်ကြည့်ပြီးအရောင်ပြောင်းတတ်တယ်ဆိုတာဒါကိုပြောတာလည်းမသိုဘးအဖေရယ်။ သမီးစိတ်အရမ်းပင်ပန်းနေတယ်။ သမီးဘာမှမလုပ်ချင်သလို ဘယ်သူနဲ့ မှ စကားမပြောချင်ဘူး ။ တစ်ယောက်တည်းပဲနေချင်နေတယ် ။ လူသူကင်းတဲ့ နေရာတခုခုမှာသစ်ပင်ရိပ်လေးမှီပြီးအကြာကြီးထိုင်နေချင်တယ် ။ လောကကြီးကဒါတောင်မျက်နှာပေးမယ်မထိငဘူးအဖေ။ နေပူချင်ပူနေအုန်းမှာ။ မိုးရွာတဲ့အချိန်ဆို စာအုပ်လေးတအုပ်လေးနဲ့ အိမ်ခန်းတွင်းမှာစာလေးဖတ်ချင်တယ်။ ဒီလိုလုပ်ဖိုလောကကြီးကမျက်နှာပေးမယ်မထင် မိုးယိုချင်ယိုနေအုန်းမှာအဖေရယ်။ ဒါတွေကသမီးစိတ်ကူးသက်သက်ပါပဲ အဖေ ။ သံစဉ်တချို့  နားဆင်လို့  စိတ်ကူးတွေထဲ စီးမျောချင်ပေမယ့် သမီးဘ၀က စိတ်ကူးယဉ်ခွင့်မပေးဘူး။ အချိန်တွေက ကုန်လွယ်လိုက်တာ ဘယ်လိုကုန်သလဲမမေးပါနဲ့  မသိဘူး ။ သူ့ ဟာသူ ကုန်သွားတာ ။အသက်တွေက ကြီးလာတယ် ။ မျှော်လင့်ချက်တွေ ပါးလာတယ် ။ လက်တွေ့ ဆန်လာတယ် ။ ဆာလောင်မွတ်သိပ်ပြီး အရူးထလာတယ် ။ ခံစားချက်တွေများလာတယ်။ဒဏ်ရာတွေကို မြေမြုပ်ပစ်လို့ရရင်ကောင်းမယ်အဖေရယ်။ သမီးငြိမ်ငြိမ် ခပ်ကုပ်ကုပ်လေးပဲ နေချင်မိတော့တယ် အဖေ။ ဘယ်သူနဲ့ မှ မပြောချင်တော့တာမဟုတ်သမီးပြောလိုက်ရင်သမီးစကားတွေမတည်မြဲတတ်တာများတော့မပြော၇ဲတော့တာပါအဖေရယ်။ မျှော်လင့်သမျှ အရာရာက ပါးပါားလာတော့ကိုယ့်ကံကြမ္မာကိုယ်တောင်မယုံရဲတော့ဘူးအဖေ။ ကံကြမ္မာလှည့်ကွက်ထဲ စေလိုရာစေ နေသားတကျ နေရတာပါပဲ အဖေ ။ကံတရားရိုက်ချက်ကသမီးးအတွက်ပြင်းလွန်းလှတ်ယအဖေရယ်။ လူဆိုတာ မျှော်လင့်ချက်တွေနဲ့  အသက်ရှင်ရတာတဲ့။ သမီးမျှော်လင့်ချက်တွေပါးပါးလာတော့သမီးဘယ်အရာမှမမျှောင်လင့်ချင်တော့ဘူးအဖေ။ အသက်ရှင်နေခြင်းအသက်သေခြင်းထက်တော့ပိုပြီးသက်တောင့်သက်သာရှိတယ်မဟုတ်လားအဖေတခါတလေသမီးအဖေနောက်လိုက်ချင်မိတယ်။ဒါပေမယ့်အဖေပြောဖူးတယ် ယမမင်းစစ်မေးတဲ့အခါ မင်းလူပြည့်မှာဘာလုပ်ခဲ့ပြီးပြီလဲ ကုသိုလ်ဘာလုပ်ပြီးပြီလဲ သမီးခုထိမဖြေတတ်သေးဘူးအဖေ။ အဲဒီမျှော်လင့်ချက်ဆိုတာတွေနဲ့ ပဲ နေတိုင်းကိုဖြတ်သန်းနေကြရတာမဟုတ်လား။ လူတစ်ယောက်နဲ့ တစ်ယောက် တော့ ဘယ်တူပါ့မလဲလေ ။ မျှော်လင့်ထားတာတွေ ဖြစ်မလာတော့လဲ ဘဝဆိုတာက ဆားမပါတဲ့  ဟင်း ။ တခါတလေ စိတ်ပျက်လာတယ် ။ ဘာမှမလုပ်ချင်တော့ဘူး ။ ဆင်းရဲတဲ့ သူလဲ ထမင်းတစ်ဝမ်းပဲ ။ ချမ်းသာတဲ့ သူလဲ ထမင်းတစ်ဝမ်းပဲ ။ မျှော်လင့်တာတွေ ဖြစ်မလာတော့လဲ စိတ်ကူးထားတာတွေလဲအလကားပဲလေ ။ စိတ်ချမ်းသာရင်တော်ပါပြီ ။ နေတတ်သလိုပဲနေတော့မယ်လေ ။ ဘယ်သူ့ ကိုမှစိတ်အနှောင့်အယှက်မပေးချင်ဘူး ။ ထင်သလိုမဖြစ်တဲ့ဘ၀မှာ ဖြစ်ချင်တာဖြစ်မနေဖိုဆုံးမဖူးတဲ့အဖေစကားအရ သမီး ဆင်ခြင်နေပါတယ်။ ခုတော့ အဖေ သမီးအတွက်အရာရာမျှော်လင့်ချက်မဲ့လွန်းတာတော့အမှန်ပဲ အဖေရယ် ဒီဇင်ဘာဆိုတာ့ သမီးအတွက် အထီးကျန်ဆန်သလို သမီးအတွက် မလှပတဲ့လတစ်လပဲအဖေရယ် 'ဒီဇင်ဘာကသမီးအတွက်နှင်းခဲတွေလိုအေးစက်လွန်းတယ် အဖေရယ်

လူဆိုတာ ပျော်ရာမှာမနေရ တော်ရာမှာနေရတယ်တဲ့။
အဖေသမီးတော်ရာမှာနေပါတယ်။ဘယ်မှာနေနေ မပျော်ဘူးဖြစ်နေတယ် အဖေ ။
သမီးအတွက်ဘယ်နေရာဟာ သင့်တော်မယ်ဆိုတာလဲ မသိသေးဘူး ။
လောကကြီးမှာနေကိုမပျော်တော့ဘူး။ဘာမှကို လုပ်မှမလုပ်ချင်တော့တာ မလုပ်တာအကောင်းဆုံးပေါ့ ။


တခါတလေမှာ လောကကြီးက ချောင်းဆိုးရင်ကျပ် ငှက်ဖျားတက်တတ်သေးတယ်
သူရင်ကျပ်ရင် သမီးလည်းရင်ကျပ်တတ်လာတယ်။
သူချောင်းဆိုးပြတော့ သမီးလည်းချောင်းဆိုးတတ်လာတယ်။
ပတ်ဝန်ကျင်အရောင်ပေါ်ကြည့်ပြီးအရောင်ပြောင်းတတ်တယ်ဆိုတာဒါကိုပြောတာလည်းမသိုဘးအဖေရယ်။

သမီးစိတ်အရမ်းပင်ပန်းနေတယ်။ သမီးဘာမှမလုပ်ချင်သလို ဘယ်သူနဲ့ မှ စကားမပြောချင်ဘူး ။ တစ်ယောက်တည်းပဲနေချင်နေတယ် ။ လူသူကင်းတဲ့ နေရာတခုခုမှာသစ်ပင်ရိပ်လေးမှီပြီးအကြာကြီးထိုင်နေချင်တယ် ။
လောကကြီးကဒါတောင်မျက်နှာပေးမယ်မထိငဘူးအဖေ။
နေပူချင်ပူနေအုန်းမှာ။

မိုးရွာတဲ့အချိန်ဆို စာအုပ်လေးတအုပ်လေးနဲ့ အိမ်ခန်းတွင်းမှာစာလေးဖတ်ချင်တယ်။
ဒီလိုလုပ်ဖိုလောကကြီးကမျက်နှာပေးမယ်မထင် မိုးယိုချင်ယိုနေအုန်းမှာအဖေရယ်။ ဒါတွေကသမီးစိတ်ကူးသက်သက်ပါပဲ အဖေ ။ သံစဉ်တချို့  နားဆင်လို့  စိတ်ကူးတွေထဲ စီးမျောချင်ပေမယ့် သမီးဘ၀က စိတ်ကူးယဉ်ခွင့်မပေးဘူး။

အချိန်တွေက ကုန်လွယ်လိုက်တာ ဘယ်လိုကုန်သလဲမမေးပါနဲ့  မသိဘူး ။ သူ့ ဟာသူ ကုန်သွားတာ ။အသက်တွေက ကြီးလာတယ် ။ မျှော်လင့်ချက်တွေ ပါးလာတယ် ။ လက်တွေ့ ဆန်လာတယ် ။ ဆာလောင်မွတ်သိပ်ပြီး အရူးထလာတယ် ။ ခံစားချက်တွေများလာတယ်။ဒဏ်ရာတွေကို မြေမြုပ်ပစ်လို့ရရင်ကောင်းမယ်အဖေရယ်။

သမီးငြိမ်ငြိမ် ခပ်ကုပ်ကုပ်လေးပဲ နေချင်မိတော့တယ် အဖေ။ ဘယ်သူနဲ့ မှ မပြောချင်တော့တာမဟုတ်သမီးပြောလိုက်ရင်သမီးစကားတွေမတည်မြဲတတ်တာများတော့မပြော၇ဲတော့တာပါအဖေရယ်။

မျှော်လင့်သမျှ အရာရာက ပါးပါားလာတော့ကိုယ့်ကံကြမ္မာကိုယ်တောင်မယုံရဲတော့ဘူးအဖေ။ ကံကြမ္မာလှည့်ကွက်ထဲ စေလိုရာစေ နေသားတကျ နေရတာပါပဲ အဖေ ။ကံတရားရိုက်ချက်ကသမီးးအတွက်ပြင်းလွန်းလှတ်ယအဖေရယ်။


လူဆိုတာ မျှော်လင့်ချက်တွေနဲ့  အသက်ရှင်ရတာတဲ့။
သမီးမျှော်လင့်ချက်တွေပါးပါးလာတော့သမီးဘယ်အရာမှမမျှောင်လင့်ချင်တော့ဘူးအဖေ။
အသက်ရှင်နေခြင်းအသက်သေခြင်းထက်တော့ပိုပြီးသက်တောင့်သက်သာရှိတယ်မဟုတ်လားအဖေတခါတလေသမီး
အဖေနောက်လိုက်ချင်မိတယ်။ဒါပေမယ့်အဖေပြောဖူးတယ် ယမမင်းစစ်မေးတဲ့အခါ မင်းလူပြည့်မှာဘာလုပ်ခဲ့ပြီးပြီလဲ ကုသိုလ်ဘာလုပ်ပြီးပြီလဲ သမီးခုထိမဖြေတတ်သေးဘူးအဖေ။

အဲဒီမျှော်လင့်ချက်ဆိုတာတွေနဲ့ ပဲ နေတိုင်းကိုဖြတ်သန်းနေကြရတာမဟုတ်လား။ လူတစ်ယောက်နဲ့ တစ်ယောက် တော့ ဘယ်တူပါ့မလဲလေ ။ မျှော်လင့်ထားတာတွေ ဖြစ်မလာတော့လဲ ဘဝဆိုတာက ဆားမပါတဲ့  ဟင်း ။ တခါတလေ စိတ်ပျက်လာတယ် ။ ဘာမှမလုပ်ချင်တော့ဘူး ။ ဆင်းရဲတဲ့ သူလဲ ထမင်းတစ်ဝမ်းပဲ ။ ချမ်းသာတဲ့ သူလဲ ထမင်းတစ်ဝမ်းပဲ ။ မျှော်လင့်တာတွေ
ဖြစ်မလာတော့လဲ စိတ်ကူးထားတာတွေလဲအလကားပဲလေ ။ စိတ်ချမ်းသာရင်တော်ပါပြီ ။ နေတတ်သလိုပဲနေတော့မယ်လေ ။ ဘယ်သူ့ ကိုမှစိတ်အနှောင့်အယှက်မပေးချင်ဘူး ။ ထင်သလိုမဖြစ်တဲ့ဘ၀မှာ ဖြစ်ချင်တာဖြစ်မနေဖိုဆုံးမဖူးတဲ့အဖေစကားအရ သမီး ဆင်ခြင်နေပါတယ်။

ခုတော့ အဖေ သမီးအတွက်အရာရာမျှော်လင့်ချက်မဲ့လွန်းတာတော့အမှန်ပဲ အဖေရယ်

ဒီဇင်ဘာဆိုတာ့ သမီးအတွက် အထီးကျန်ဆန်သလို သမီးအတွက် မလှပတဲ့လတစ်လပဲအဖေရယ်

'ဒီဇင်ဘာကသမီးအတွက်နှင်းခဲတွေလိုအေးစက်လွန်းတယ် အဖေရယ်
လေးစားလျက်
ရှင်းသန်မေ

No comments:

Post a Comment