Tuesday, December 24, 2013

*လူအို*

Shin Thant May Myinttarshinmalay's photo.

နွေဦးရွက်ကြွေတွေက
လူအိုရုံတွေလိုပဲ
အထီးကျန်ခြင်း
ဆိတ်ငြိမ်ခြင်း အပြည့်နဲ့
ဟိုလူးဒီလွန့်
နားခိုရာကင်း
ရွက်ကြွေတွေဆိုတာ
ဖူးရာကပွင့်
ပွင့်ရာက၀ါ
ဝါရာကညိုး
ညိုးရာကကြွေခဲ့တာပါ
လူအိုတွေဆိုတာ
တချိန်ကလူပျိုတွေဖြစ်ခဲ့တာပါ
မီးစာတွေလဲကုန်ပြီ
ဆီတွေလဲခမ်းပြီ
စိတ်ကတော့မခမ်းသေးဘူးလေ
သူ့မှာလဲသူ့အတွေး
ကလေးလိုပဲ တွေးချင်တွေးမယ်
မပစ်ပယ်ပါနဲ့
နားလည်ပေးပါ
အိုသူတွေရှိလို့
ပျိုသူတွေရှိတာပါ
နားလည်ပေးပါ
ဒီနေ့အသုံးအဆောင်တွေက
လူအိုတွေလုပ်ခဲ့တဲ့
ဆန်းသစ်ခြင်းတွေပဲ
ယနေ့အသုံးအဆောင်တွေကလည်း
တချိန်ကျရင်ထိုနည်းအတိုင်း
အိုနေမှာပဲ
သင်မမေ့ပါနဲ့
ဒီနေ့မှာသင်ဟာပျိုရွယ်နေပေမယ့်လည်း
နောင်တချိန်မှာအိုသူဖြစ်မှာပဲလေ
သံသရာကတပတ်လည်နေမှာပဲ
သင်မမေ့ပါနဲ့
ပျိုပြီးရင်အိုမြဲပဲ။

လေးစားလျက်
ရှင်းသန့်မေ

Shin Thant May Myinttarshinmalay's photo.
 

No comments:

Post a Comment