Tuesday, December 24, 2013

ဖွဲ့ဆိုမကုန် မိဘဂုဏ်

သန္ဓေစတည်

ပူချည်ဖန်ခါး

ရှောင်ကာရှားလျက်

ကိုးလရင်လွယ်

ဆယ်လဖွားဖြင့်

သေမင်းအန်တု

သက်ကိုလု၍

မွေးဖွားနိုင်အောင်

လူ့ဘောင်သယ်ဆောင်

လူ့ဖြစ်ပေးလို့

ကျေးဇူးကြီးပေတို့မေမေ။

ဖဝါးလက်နှစ်လုံး

မွေးခင်းမှသည်

အစချီလျက်

လူလယ်တင့်တယ်

ဝင့်ကြွားစေရန်

နှဖူးချွေးစက်

ခြေမထက်သို့

ချောင်းလိုအသွင်

သွင်သွင်စီးလည်း

ငြိုငြင်မပျက်

အပြုံးဖက်၍

သားတို့ဝမ်းစာ

မလစ်ဟင်းအာင်

လုပ်ဆောင်ပေးပေတို့ဖေဖေ။

သားသမီးလိုအင်

ဟူသမျှကို

ကိုယ်ပင်မရှိ

မွဲသော်ငြားလည်း

မရှိရှိအောင်

ရအောင်ကြံ၍

ဖြည့်စွမ်းတတ်ပေတို့ဖေဖေ။

မကောင်းကိုတား

ကောင်းကိုညွှန်၍

ချော့ခြောက်မာယာ

နည်းမျိုးစုံဖြင့်

စိတ်ရှည်သင်ပေတို့မေမေ။

နှိုင်းမဲ့စေတနာ

မိဘမေတ္တာကို

ကဗျာလင်္ကာ

တုကာနှိုင်းလည်း

ဖွဲ့ဆိုမတတ်

ကျေးဇူးကြီးပေမိဘဂုဏ်အင်တွေ။


လေးစားလျက်
ရှင်းသန့်မေ

Photo: ဖွဲ့ဆိုမကုန် မိဘဂုဏ် သန္ဓေစတည် ပူချည်ဖန်ခါး ရှောင်ကာရှားလျက် ကိုးလရင်လွယ် ဆယ်လဖွားဖြင့် သေမင်းအန်တု သက်ကိုလု၍ မွေးဖွားနိုင်အောင် လူ့ဘောင်သယ်ဆောင် လူ့ဖြစ်ပေးလို့ ကျေးဇူးကြီးပေတို့မေမေ။ ဖဝါးလက်နှစ်လုံး မွေးခင်းမှသည် အစချီလျက် လူလယ်တင့်တယ် ဝင့်ကြွားစေရန် နှဖူးချွေးစက် ခြေမထက်သို့ ချောင်းလိုအသွင် သွင်သွင်စီးလည်း ငြိုငြင်မပျက် အပြုံးဖက်၍ သားတို့ဝမ်းစာ မလစ်ဟင်းအာင် လုပ်ဆောင်ပေးပေတို့ဖေဖေ။ သားသမီးလိုအင် ဟူသမျှကို ကိုယ်ပင်မရှိ မွဲသော်ငြားလည်း မရှိရှိအောင် ရအောင်ကြံ၍ ဖြည့်စွမ်းတတ်ပေတို့ဖေဖေ။ မကောင်းကိုတား ကောင်းကိုညွှန်၍ ချော့ခြောက်မာယာ နည်းမျိုးစုံဖြင့် စိတ်ရှည်သင်ပေတို့မေမေ။ နှိုင်းမဲ့စေတနာ မိဘမေတ္တာကို ကဗျာလင်္ကာ တုကာနှိုင်းလည်း ဖွဲ့ဆိုမတတ် ကျေးဇူးကြီးပေမိဘဂုဏ်အင်တွေ။ လေးစားလျက် ရှင်းသန့်မေ

No comments:

Post a Comment