Tuesday, December 24, 2013

ရာဇ၀င်များရဲ့သတို့သမီး


Photo: ရာဇ၀င်များရဲ့သတို့သမီး မေခ မလိခ ရင်ငွေ့ကပေါက်ဖွားလာ မိဘနှစ်ပါးလုံး ချစ်မငြီး ရာဇ၀င်များရဲ့သူတို့သမီး။ ဖွင့်ဖွင့်ထွားထွား ၀င့်ကြွားလှတဲ့ အလှတရားများနဲ့ ရာဇ၀င်များရဲ့သတို့သမီး။ အားမာန်ကိုတင်း သွေးချင်းတို့ရဲ့ချစ်ခြင်းနဲ့ စီးမြဲတိုင်းစီးနေပါတဲ့ ရာဇ၀င်များရဲ့သတို့သမီး။ လူ့မိစ္ဆာများ အလှတရားခြေဖျက် သွေးသောက်ချင်တဲ့ ရာဇ၀င်များရဲ့သတို့သမီး။ ကိုလိုနီလက်ထက်လည်း အပျိုရည်မပျက် ဖက်ဆစ်လက်ထက်လည်း အပျိုရည်မပျက်ခဲ့ပါပဲနဲ့ ကာလနဂါးလက်ထက်မှာမှ အပျိုရည်ပျက်လုလုဖြစ်နေသော ရာဇ၀င်များရဲ့သတို့သမီး။ မင်းမျက်ရည်မြေမခ မင်းသွေးအထိမခံ ငါတို့သွေးနဲ့ကာကွယ်မယ်။ လေးစားလျက် ရှင်းသန့်မေ

မေခ မလိခ
ရင်ငွေ့ကပေါက်ဖွားလာ
မိဘနှစ်ပါးလုံး ချစ်မငြီး
ရာဇ၀င်များရဲ့သူတို့သမီး။

ဖွင့်ဖွင့်ထွားထွား
ဝင့်ကြွားလှတဲ့
အလှတရားများနဲ့
ရာဇ၀င်များရဲ့သတို့သမီး။

အားမာန်ကိုတင်း
သွေးချင်းတို့ရဲ့ချစ်ခြင်းနဲ့
စီးမြဲတိုင်းစီးနေပါတဲ့
ရာဇ၀င်များရဲ့သတို့သမီး။

လူ့မိစ္ဆာများ
အလှတရားခြေဖျက်
သွေးသောက်ချင်တဲ့
ရာဇ၀င်များရဲ့သတို့သမီး။

ကိုလိုနီလက်ထက်လည်း
အပျိုရည်မပျက်
ဖက်ဆစ်လက်ထက်လည်း
အပျိုရည်မပျက်ခဲ့ပါပဲနဲ့
ကာလနဂါးလက်ထက်မှာမှ
အပျိုရည်ပျက်လုလုဖြစ်နေသော
ရာဇ၀င်များရဲ့သတို့သမီး။

မင်းမျက်ရည်မြေမခ
မင်းသွေးအထိမခံ
ငါတို့သွေးနဲ့ကာကွယ်မယ်။

လေးစားလျက်
ရှင်းသန့်မေ

No comments:

Post a Comment