Friday, November 15, 2013

ကောင်းသောစိတ်သာတည်ပါစေ



လောကကြီးထဲက လူသားတွေဟာ အကောင်းဘက်မှာပဲရှိမနေသလို အဆိုးကြီးလည်း မရှိပါဘူး။
နှစ်ခုလုံးဒွန်တွဲတည်ရှိနေပါသည်။

လူတိုင်းဟာ မိမိကိုယ်ကို အကောင်းလို့ထင်ကြပါသည်။

သူတောင်းစားမှသည် ဘုရင်ထိ၊ ဒူးစရိုက်သမားမှသည် အများအကျိုးသည်ပိုးနေသူထိဖြစ်ပါသည်။

လူတစ်ယောက်ကောင်းတယ်ဆိုးတယ်ဆိုတာလူအများကိုယ်ပတ်ဝန်းကပေးတဲ့ဂုဏ်ပုဒ်ပင်ဖြစ်သည်။

ဂျစ်ကန်ကန်လူငယ်လေးတစ်ယောက်ကိုသူအပေါ်ယံပုံမြင်ပြီးဒီကောင်လေးဆိုးလိုက်တာမပြောနိုင်ပါ။

့လူတယောက်ကငါကတော့ဘယ်လိုကောင်းတာဘယ်လိုတွေတော့ငါနေထိုင်တာ ဒါကသူအပြုအမုကိုဖုံးကွယ်ထားမူတခုသာဖြစ်သည်။
နောက်လူငယ်လေးတစ်ယောက်ကတော့သူကမကောင်းဘူးဘယ်လိုဆိုးတာသူကိုသူပြောနေခြင်း သူမှန်တယ်ကောင်းတယ်ထင်လို့ အများကို ထိုသို့ပြောဖြစ်တယ်ဆိုတာ သေချာနေပါသည်။

် ကျွန်မတို့လူသားတွေမှာလည်း အချင်းချင်း ခင်မင်ရင်းနီးမှုအတိုင်းတာနဲ့ အဆင်ပြေနေကြချိန်တွင် ကောင်းနေကြသည်. အကြောင်းအမျိုးမျိုးကြောင့် ပြသနာ ဖြစ်ခဲ့ရင် မကောင်းနိုင်ကြတော့ပါ.။

ထို့ကြောင့် ကျွန်မတို့ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ ပြသနာဆိုတဲ့ ဖောက်ပြန်မှု မဖြစ်အောင် ပေါင်းသင်းဆက်ဆံဖို့ဟာ မလွယ်တဲ့ အလုပ်တစ်ခုဆိုတာ သေချာပါသည်။

ဥပမာ သူတောင်းစားကလေးတစ်ယောက်ဆိုပါစို့. ငွေရွှင်သည့် ဧည့်သည်ဆိုရင် လိုက်တောင်းတာ ထည့်ရင် ကျေးဇူးတင်ပါသည် ဆုတောင်းတွေပေးလို့ပေါ့.။
မပေးရင် ပြန်ကော်လော်တုပ်တတ်ကြသည်။

ဒီအဖြစ်မှာ ကိုယ့်ကိုငွေပေးရင် ကောင်းတယ်. ငွေမပေးရင် မကောင်းဘူး။

.လူတိုင်းကသူတောင်းစားတွေ့တိုင်းထည့်တာမဟုတ်သလို လမ်းဘေးမှာ ဒုက္ခိတ ခြေမရှိသူတစ်ဦးတောင်းနေတယ်ဆိုပါစို့ ဂရုဏာ သက်ပြီး မိမိမှာပါလာသည့် အကြွေစေ့ကို ထည့်မိမှာပါ.။

စိတ်တွေကောင်းနေ၏ .မလှန်းမကမ်းမှာ ခြေအကောင်းလက်အကောင်း လူရွယ်တစ်ယောက် အယောင်ဆောင်တောင်းနေ၏ ထိုသူစိတ်နေစိတ်ထား အဘယ်သို့ရှိနေပါစေ အိပ်ထဲက အကြွေကို မကြည်ဖြူနိုင်တော့ပါ. မကောင်းတော့ပါ. ။

အခြေနေအချိန်ခါနှင့် ကျွန်မတို့ လူသားတို့ဘ၀မှာ မိမိနှင့် တိုက်ဆိုင်မှုအဆင်ပြေနေရင် ကောင်းကြပြီးတိုက်ဆိုင်မှု အဆင်မပြေရင် မကောင်းနိုင်ကြပါ။

ထို့ကြောင့် ဒီလူကောင်းတယ် မကောင်းဘူး ဆိုတဲ့ ပြဌါန်းချက်ဟာ ထိုသူတုန့်ပြန်တဲ့ အနေအထားကိုကြည့်ပြီး ပတ်ဝန်းကျင်လူ့အသိုင်းဝိုင်းက သတ်မှတ်ကြတာများပါသည်။

ကောင်းတယ်ဆိုးတယ်ဆိုတာ ငွေအကြွေစေ့ ခေါင်းနဲ့ပန်းလို ဘေးချင်းကပ်နေပါသည်။

ကောင်းတယ်ဆိုတဲ့ အပြုအမူတွေများနေရင် အများအမြင်မှာ ကောင်းနေနိုင်ပါသော်လည်း ဘေးချင်းကပ်နေတဲ့ အဆိုးဆိုတဲ့ အရာလည်းတွေ့ရင် အများအမြင်မှာကောင်းနေသူဟာလည်း မကောင်းဖြစ်သွားနိုင်တာသတိချပ်သင့်ပါသည်။

ထိုသို့ပဲ အများအမြင်မှာဆိုးသူဟာ သူ့အသိုင်းဝိုင်းသူ့လူများနှင့် အဆင်ပြေကောင်းနေနိုင်ပါသည်။

လူတစ်ဦးဟာ တစ်ဦးနှင့် မကောင်းဖြစ်နေချိန်မှာ အခြားတစ်ဘက်မှာ တစ်ဦးနှင့်ကောင်းနေ အဆင်ပြေနေနိုင်ပါသည်။

လူတစ်ဦးကို သင်က ကောင်းတယ်ဆိုးတယ် ဆိုတဲ့ သုံးသပ်ချက်ကို သင့်အပေါ်ထိုသူ၏တုန့်ပြန်မှုများနှင့် သတ်မှတ်မယ်ဆိုရင် သင်ကိုယ်တိုင်ကလည်း ထိုသူ၏ သတ်မှတ်ချက်ကိုခံရပါလိမ့်မည်။

ဘာဖြစ်လို့လည်းဆိုတော့ သင်က ကောင်းတယ်မကောင်းဘူးကောက်ချက်ဆွဲသလို အခြားသူကလည်း သင့်ကိုကောက်ချက်ဆွဲမှာ အမှန်ပါပဲ. ထို့ကြောင့် ကိုယ့်အမြင်အထင်နှင့်ကိုယ် ကောင်းနေကြတဲ့ ကျွန်မတို့လူသားတွေမှာ မကောင်းဘူးလို့ ပတ်ဝန်းကျင် သတ်မှတ်ချက်ကို ခံရခြင်းမှာ အပြန်အလှန်ဆိုတဲ့ တိုင်းတာမှုစံနှုန်းထဲမှာ ကိုယ်တိုင်လည်းပါဝင်နေလို့ဆိုတာ သိသာစေပါသည်။

ကျွန်မတို့တတွေမှာ အကောင်းမြင်စိတ်၊ မုဒိတာစိတ်၊ ကိုယ်ချင်းစာစိတ်၊ သနားကြင်နာစိတ်၊ စတဲ့ သဘောထားပျော့ပြောင်းတဲ့စိတ်တွေ ထားရှိမယ်ဆိုအကောင်းမြင်တဲ့စိတ်ပေါက်ဖွားနိုင်မှာပါ။


ဘ၀င်မြင့်စိတ်၊ မာန်မာနကြီးစိတ်၊ လောဘကြီးစိတ်၊ မိမိကိုယ်ကို အထင်သိပ်ကြီးတဲ့စိတ်၊ မနာလိုဝန်တိုစိတ် စတဲ့ သဘောထားခတ်ထန်သိမ်ဖျင်းတဲ့စိတ်ဓါတ်တွေ အရင်းခံနေ ခဲ့ရင်တော့ ကောင်းတယ်ဆိုးတယ်ဆိုတဲ့ အများပြဌါန်းချက်တွေအောက်မှာ
မကောင်းတဲ့စိတ်ပဲတည်ရှိနေမှာပါ။

ကျွန်မတို့တွေဘယ်လိုပဲ မှတ်ချက်တွေအပေးခံနေရပါစေ. အကောင်းဘက်မှာ စိတ်အရင်းခံ ဖြစ်တည်နေမယ်ဆိုကောင်းတဲ့အရာတွေရောက်လာမှာဖြစ်ပါသည်။

ထိုကြောင့် ဘယ်လိုပဲလူတွေကသတ်မှတ်ပါစေမိမိစိတ်တွင်ကောင်းသောစိတ် သာတည်ပါစေ။

အရှုံးများနဲ့သာ
ရင်ဆိုင်ရပေမယ်လည့်း
အနိုင်ရအောင်
ရပ်တည်နိုင်ဖို့
ကြိုးစားနေရမယ်.
လူ့သမိုင်းမှာ
သူရဲကောင်းမဖြစ်နိုင်ပေမယ့်
ကိုယ်ကျင့်သိက္ခာကောင်းဖို့
ကြိုးစားရမယ်
နေ့ရက်တိုင်းမှာ
ဖြစ်ချင်တာမဖြစ်လို့
ဖြစ်ချင်ရာဖြစ်ဆိုတဲ့
ဇွတ်စိတ်ကူးများကို ချိုးနှိမ်
မျှော်လင့်ချက်တွေ လှပလာဖို့
ကျင်လည်ရာလောကဓံမှာ
ကိုယ့်ခန္ဓာကို အပြုံးတစ်ပွင့်သာ
အမြဲတပ်ဆင်ရမယ်.
ကိုယ်တိုင်မမြင်ရတဲ့
ိုအမှားများအတွက်
အမှန်တရားများကို
တိုးလို့တွန်းဖယ်ရင်း
ဘ၀ရဲ့ အမောများအတွက်
မေတ္တာတရား
ရေကြည်တစ်စက် သောက်သုံး
မုန်းသူတွေကို ပြုံးပြနိုင်ဖို့
ကိုယ်စိတ်နှလုံး
နှလုံးသားမှာ
ကောင်းသောစိတ်သာတည်ပါစေ။


ကြိုးစားနေဆဲ
လေးစားလျက်
ရှင်းသန့်မေ

No comments:

Post a Comment