Friday, November 15, 2013

အတွေ့အကြုံကလည်းဆရာတစ်ဆူပင်


ကျွန်မဒီဆောင်းပါးရေးဖြစ်တဲ့အကြောင်းအရင်းကတာ့
ကျွန်မကိုယ်တိုင်စိတ်ပျက်အားငယ်နေမိတာမို့ သူငယ်ချင်းတစ်ယောက်အားပေးမူကြောင့် ဒီဆောင်းပါးရေးဖြစ်သည်ဆိုလည်းမမှားပါ။

တခြားလူအောင်မြင်တိုင်းကိုယ်အားငယ်ဖို့မလိုပါ။
ကိုယ့်ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံပေါ်မူတည်အောင်မြင်မူကွာခြားနိုင်ပါသည်။

လူတိုင်း လူတိုင်း အသက်ကြီးတဲ့သူဖြစ်ဖြစ် အသက်ငယ်သူပဲဖြစ်ဖြစ် သက်တမ်းအလိုက်ကိုယ့်ဘဝဖြတ်သန်းမူအတွေ့အကြုံကိုယ်စီ လူတိုင်းမှာရှိကြမှာပါ။

အတွေ့အကြုံ လိုပြောလိုက်ရင် ကျွန်မတို့က မိမိနှင့်သက်ဆိုင်သည့် ဖြတ်သန်းလာရတဲ့အတွေ့အကြုံများကိုသတိရမိကြသည်။

အဲဒီအတွေ့အကြုံများဟာ ဘယ်လောက်ထိ မိမိဘ၀မှာ အသုံးဝင် သလဲဆိုရင် အတွေ့ကြုံများးကို ဘယ်လိုအသုံချမလဲဆိုတဲ့အပေါ်မှာ မူတည်ပါသည်။

အတွေ့အကြုံက ကိုယ်တိုင်ကြုံတဲ့အတွေ့အကြုံနဲ့သူများတွေဆီကတွေ့လိုက်ရတဲ့အတွေ့အကြုံရှိပါသည်။

ဘယ်လိုပဲဖြစ်ဖြစ့် မိမိဘ၀ ဖြတ်သန်းမှု အတွေအကြုံများဟာ မိမိဘ၀မှာ မိမိအတွက်အထောက်အကူ အဖြစ် မီးမောင်းထိုး ပြနေတာကတော့ သတိပြုမိသူများအတွက်တော့အမှန်ပင်ဖြစ်သည်။

ကျွန်မတို့ဖြတ်သန်းလာရတဲ့လူဘဝထဲ မိမိနှင့်သက်ဆိုင်တဲ့ အတွေ့အကြုံကောင်းတွေဟာ ဘ၀မှာ အထောက်အကူဖြစ်နေတာကို သတိပြုမိဖိုလိုပါသည်။

ဆင်းရဲတဲ့သူဖြစ်ဖြစ်ချမ်းသာ တဲ့သူဖြစ်ဖြစ် လူတန်းစားမရွေး အတွေ့အကြုံများ ကဘ၀နှင့်ယှဉ်ပြီး ရှိခဲ့ကြ၊ ရှိနေကြမှာပါ။

လူလတ်တန်းစားမရွေး သူဘဝအတွေ့အကြုံကအနည်းနဲ့အများရှိနေမှာပါ။

ပန်းရံသမားတယောက်မှာလည်းသူဘဝ့ တစ်နေ့စာ ဖြေရှင်းမှု သူ့စွန်းစားခန်း ဟာလည်း သူအတွေကြုံပင်ဖြစ်သည်။

ကဗျာဆရာတယောက်အတွေ့အကြုံ သူကဗျာတွေကိုဘယ်လိုဖန်းတီးခဲ့လည်း ဒါတွေကလည်းဘဝအတွေ့အကြုံပင်ဖြစ်သည်။

ဆရာဝန်တယောက်ကလည်း ဘယ်လိုအရေးကြီးတဲ့ခွဲစိတ်မူကိုဘယ်လိုသူခွဲစိတ်ခဲ့သည်ဒါကလည်းအတွေ့အကြုံတခုပင်ဖြစ်သည်။

သူဌေးတစ်ဦး၏ တစ်နေ့တာ သူလုပ်ငန်းအောင်မြင်ဖို့ ငွေရဖို့ သူစီမံခန့်ခွဲ မှုဟာလည်း သူ့အတွေ့ကြုံအရ ဘယ်လိုလုပ်ဆောင် ညွန်ကြားလုပ်ကိုင်လည်းဆိုတာဒါကလည်းသူအတွေ့အကြုံပင်ဖြစ်သည်။

ကျွန်မတိုလည့်း အတွေ့အကြုံတွေကိုယ်စီ သိပ်ရှိခဲ့ကြတာပေါ့။

ကိုယ့်လက်တွေ့ဘဝတွေဟာ တွေ့အကြုံတွေပါ။

ငယ်ငယ်က ဘဝကို
ဘယ်လိုဖြတ်သန်းခဲ့ရသည်။ဘယ်လို ကစားခဲ့သည်။ ဘယ်လို့ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့တယ်-ဘယ်လိုပညာတွေသင်ခဲ့တယ်-ဘယ်လိုအုပ်ထိမ်းမှုအောက်မှာကြီးပြင်းခဲ့တယ်-ဘယ်လိုမိဘရဲ့ အလိုလိုက်မှုကိုရခဲ့ စသည်ဖြင့် ဒါတွေဟာ ဘ၀မှာ လက်တွေ့ကျတဲ့ အတွေ့အကြုံတွေပါ။ဒီအတွေ့အကြုံတွေကိုအသုံးချပြီး လက်တွေ့ဖြတ်သန်းနေရတဲ့ဘဝတဆင့်တက်ပြီး ဘယ်လိုတိုးတတ်အောင်အတွေ့အကြုံပေါ်အခြေခံပြီးလုပ်ဆောင်ကြသည်။

တစ်ဦးနဲ့ တစ်ဦး အတွေ့အကြုံမတူညီနိုင်ပါ။
သွေးသားချင်းဖြစ်နေစေအုံးတော့မတူပါ။

အသက်အရွယ် ဘဝဖြတ်သန်းရတဲ့ဘ၀ ဖြစ်စဉ်တွေဟာ တစ်ထပ်တည်းမကျနိုင်ပါ။

ဒါကြောင့် အတွေ့ကြုံ လို့ပြောရင် မိမိဘ၀နှင့်တစ်ဦးချင်းတွက် အရေးပါသည်။

ဒီအတွေ့အကြုံထဲက သင်္ခန်းစာတွေ. အသိတရားတွေ. မိမိ၏အမှားတွေ. အောင်မြင်မှုတွေ. ကိုရယူတတ်ဖို့လိုပါသည်။

အတွေ့အကြုံက သင်ယူတတ်မယ်ဆိုဘဝအတွက်ဆရာတစ်ဆူလည်းဖြစ်သည်။

အတွေ့အကြုံများက မိမိအတွက် အမှားအတွက်သော်လည်းကောင်း၊ အမှန်အတွက်သော်လည်းကောင်း ယူတတ်ရင် အနီးဆုံးဆရာတစ်ယောက်က သင်ပေးနေတာနဲ့တူပါသည်။

အမှားထဲကအတွေ့အကြုံယူပြီးဘဝလမ်းတိုးတတ်နိုင်သလို နောင်တတရားအတွေ့အကြုံများမှ တိုးတတ်နိုင်ပါသည်။

အတွေ့အကြုံက လူသားတစ်ယောက်အတွက် လက်တွေ့ဆန်ပါသည်။

လုပ်ငန်းအတွေ့အကြုံ၊ ခရီးသွားအတွေ့အကြုံ၊ ပေါင်းသင်းဆက်ဆံရေး အတွေ့အကြုံစသည်ဖြင့် ဒါတွေဟာ ဘဝလက်တွေ့အတွေ့အကြုံတွေပါ။

ဒါကြောင့် လူသားတစ်ဦး၏ အတွေ့အကြုံတိုင်းဟာ သူဟာနဲ့သူ တန်ဖိုးရှိနေကြပါသည်။

ကိုယ်ပဲ ကောင်းတယ်လို့မယူဆပါနှင့် ကိုယ်က ဒီနယ်ပယ်မှာ အတွေ့အကြုံတွေရှိသလို သူလဲ သူနှင့်ပတ်သက်သည့် ဟိုနယ်ပယ်မှာ အတွေ့အကြုံရှိနေတတ်ပါသည်။

အတွေ့ကြုံက မိမိနှင့်သက်ဆိုင်သည့် အရာများမှကောင်းသောအရာများကိုပေးတတ်သလိုတပါးသူ၏ အတွေ့အကြုံများကလည်း မိမိအတွက် ကောင်းသော အရာများကို ဆောင်ကျဉ်ယူလာတတ်ပါသည်။

ကိုယ်သာ အရာအားလုံးတွေ့ကြုံဖူးတာမဟုတ်ပါဘူး။

အတွေ့အကြုံများသည် လက်တွေ့ဆန်သည်၊ သင်္ခန်းစာများကို လက်တွေ့ ဆည်းပူးရသည်နှင့်တူသည်၊ ကိုယ့်အတွေ့ အကြုံများက ကိုယ်အတွက် အထောက်အကူပြုသလို ကိုယ်လက်လှမ်းမမှီရာ တပါးသူ အတွေ့အကြုံများသည်လည်း ကိုယ့်အတွက် ပညာယူစရာများပင်ဖြစ်ပါသည်။


ဒါကြောင့် တပါးသူကို ဘယ်တော့မှာ အထင်မသေးပါနှင့်။

သူ့အတွေ့အကြုံနှင့်သူဘ၀မှာ သူမှာ အတွေ့အကြုံ ရှိနေတတ်ကြပါသည်။


ထို့ကြောင့် သူတစ်ပါး အတွေ့အကြုံများမှလည်း ကိုယ့်အတွက် ယူတက်ဖို့ကိုမမေ့ပါနှင့်။

တပါးသူ၏အတွေ့အကြုံများကလည်း အသိတွေ၊ သင်္ခန်းစာတွေ၊ ပညာတွေ ယူတတ်ပါစေ.။

ဘဝလောကဓံလမ်းမှာ အတွေ့အကြုံကောင်းများရှာဖွေတွေရှိပြီးဘဝလမ်းတွေတဆင့်ပြီးတဆင့်ဖြတ်သန်းအောင်မြင်ကြပါစေ။


လေ့လာသင်ယူနေဆဲ
လေးစားလျက်
ရှင်းသန့်မေ

No comments:

Post a Comment