Friday, November 15, 2013

အသဲကွဲရောဂါက ရောဂါတစ်မျိုးလား

လူရယ်လို့ဖြစ်လာရင် ချစ်တတ်တယ် ခံစားတတ်တယ် ။ နာကျင်တတ်တယ် ၀မ်းနည်းတတ်တယ်ကြေကွဲတတ်တယ်
ခံစားချက်ပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့
သက်ရှိလူဖြစ်နေခြင်းဖြစ်သည်။

လူကြီး လူလတ် လူငယ်မရွေး စိတ်ခံစားမုရှိသူတိုင်း ချစ်တတ်သူတိုင်း
စိတ်မတူညီတဲ့အခါအသဲကွဲဝေဒနာခံစားတတ်ကြသည်။အသဲကွဲ ဝေဒနာက အသက်အရွယ် အမျိုးမျိုးမှာ ခံစားရ တတ်ပေမယ့် မရင့်ကျက်သေးတဲ့ဆယ်ကျော်သက် အရွယ်တွေမှာပို ဖြစ် ပိုပြီး ခံစားကြရသည်။

ငယ်ရွယ်စဉ်မှာ ကိုယ်ချစ်တဲ့သူနဲ့ မပေါင်းဖော် ရတာကြောင့် အသည်းကွဲ ရသလိုပဲ အသက်ကြီးလာ ချိန်မှာလည်း ပေါင်းဖော်နေတဲ့ အိမ် ထောင်နဲ့ ရှင်ကွဲကွဲရလို့ ဒါမမဟုတ်သေကွဲကွဲကွာရတာ တွေကြောင့် ဝမ်းနည်း ကြေကွဲရတာ၊ မျှော်လင့်ချက်မဲ့စွာ စိတ်ဓာတ်ကျရတာနဲ့ အပယ်ခံရသလို ဖြစ်တာတွေ ခံစားရပြီး စိတ်ထိခိုက်မှု ကြီးစွာ ရတတ်ပါသည်။ဒီလို အခြေနေကြောင့် ကိုယ့်ကိုယ် ကိုယ် သတ်သေဖို့ ကြံစည်သူတွေလည်း မနည်းလှပါ။

အသဲကွဲရောဂါဆိုတာခံစားချက်ဟာ ဦးနှောက်ကနေတဆင့်
အသည်း၊နှလုံးအထိတိုင်သွားရောက်လှူံဆော်လိုက်သောအခါနာကျင်တယ်၊ဝမ်းနည်းလာခြင်းဖြစ်သည်။ထို့ကြောင့်အသဲကွဲဝေဒနာခံစားရလာခြင်းဖြစ်သည်။

အသဲကွဲရောဂါတမျိုးလည်းဖြစ်သည်။သုံးတတ်ရင်ဆေးဖြစ်နိုင်သလိုမသုံးတတ်ရင်အဆိပ်ဖြစ်နိင်တယ်စကားပုံနဲ့အညီအသဲကွဲရောဂါကလည်းမထိန်းတတ်ရင်အသက်ကိုတောင်ရန်ရှာတတ်ပါသည်။စိတ်ကြောင့်ဖြစ်တဲ့ရောဂါကိုစိတ်နဲ့သာကုစားနိုင်သည်။ကိုယ့်ကိုမချစ်လိုစွန့်ခွာသွားသူကိုတမ်းတလွမ်းဆွတ်နေမဲ့အစားလမ်းမတူလို့သူလမ်းသူလျှောက်သွားတာပါဒါကြောင့်ငါလည်းငါ့လမ်းငါလျှောက်ရမယ်တွေးလိုက်ခြင်းသည်အသဲကွဲရောဂါသက်သာစေပါသည်။

အသဲကွဲတာနဲ့လူတွေဟာဘာကိုမှစိတ်မ၀င်စားတော့ဘဲ ၀မ်းနည်းစိတ်က သာ ကြီးစိုးနေပြီး အချို့ဆိုလျှင်မိမိကိုမိမိသတ်သေချင်စိတ်တောင်ပေါက်ကြသည်။

ဒီဘက်ခေတ်မှာခေတ်စနစ်တိုးတတ်လာတာနဲ့အမျှအချစ်ကြောင့်အသဲကွဲရောဂါဖြစ်သည်။အသဲကွဲခြင်းကြောင်ကိုယ်ကိုယ်ကိုယ်သတ်သေတာပေါ်ပြုလာသဖွယ်ခေတ်စားနေကြသည်။

ဗုဒ္ဓဘာသာအဆိုအရကိုယ်ကိုယ့်ကိုယ်သတ်သေတာ အဖန်းငါးရာ ငါးကမ္ဘာ ကျစေပါသည်။ဒါကြောင့် စိတ်ညစ်ညစ်နဲ့ ကိုယ့်ကိုယ်သတ်သေတာလည်း မလုပ်မိကြဖို့ လိုပါသည်။လူအတော်များများက မဟုတ်တာဆို သိပ်ပြီးအတုယူတတ်ကြသည်။
သူများသတ်သေတာတွေကြည့်ပြီးကိုယ့်ကိုယ်သတ်သေမိမှာစိုးလို့ ပြောရတာပါ။ သေချာစဉ်းစားရမှာက အဲဒီလို စိတ်ညစ်လို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့ သူတစ်ယောက်ရဲ့ သေခါနီး စိတ်အစဉ်ဟာ ဘယ်လိုမှ ကောင်းတဲ့စိတ်အတွေး မဖြစ်နိုင်တဲ့အတွက်ဒီစိတ်နဲ့ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်မယ်ဆိုရင် ကောင်းတဲ့ဘုံဘဝမှာ ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ သေခါနီးမှာဖြစ်တဲ့ စိတ်အစဉ်ဟာ နောက်ဘဝမှာ အကျိုးပေးတာ ဖြစ်တဲ့အတွက် သေခါနီးစိတ်အစဉ်ဟာ အထူးသတိပြုရမည်ဖြစ်သည်။

ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ သူတပါးကို သတ်လိုက်တာမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့အoတွက် ဘဝငါးရာ အဖန်ငါးရာ အဲဒီလိုပဲသတ်ပြီးသေရတယ်ဆိုတာမှန်ကန်တဲ့လုပ်ရပ်မဟုတ်ပါ။

့ လောကဓံကို မခံနိုင်လို့ကိုယ့်ကိုယ်ကို သတ်သေတဲ့ သူတစ်ယောက်ဟာ အသေမကောင်းတဲ့အတွက် ဘဝကူးလည်း မကောင်းနိုင်တာဖြစ်လို့ဒီလိုနည်းနဲ့ကိုယ့်ကိုယ်သတ်သေတာလည်းလွဲနေတဲအလွဲတခုပင်ဖြစ့်ပါသည်။

လူဆိုတာခံစားချက်ရှိတဲ့သူတွေမို့အပြစ် ပြောလို့မရပါဘူး။ အချစ်ကြီးရင်ကြီးသလိုခံစားကြရမှာပါပဲ။ဖြစ်လာပြီးမှတော့ဘာမှမတတ်နိုင်ပါဘူး။ အဆိုးထဲကမှအကောင်းကိုဆွဲထုတ်ယူပြီး ဘ၀ မှာအဆင်ပြေပြေပျော်ရွှင်အောင် နေဖို့နည်းလမ်း ရှာဖွေရမည်။

လူ့ဘ၀တာခဏတိုတိုလေးအတွင်းမှာဝမ်းနည်းပူဆွေးကြေကွဲမှုတွေနဲ့သာအချိန်တွေကုန်လွန်မယ်ဆိုလူဖြစ်လာရတာ အရှုံးကြီးပါပဲ။ အသဲကွဲတယ် ဆိုတဲ့ရောဂါကကုသလို့မရတဲ့ရောဂါမှမဟုတ်ဘဲလေအသဲကွဲရောဂါကရောဂါတခုပေမယ့်ကုသပျောက်ကင်းဖို့တော့အချိန်ဆိုတဲ့သမားတော်ကြီးရှိပါသည်။အသည်းကွဲရောဂါ ကို ကုသဖို့က အ ဓိကက ကိုယ့်စိတ်ပါပဲ။ အသဲကွဲရောဂါ ကို မိမိဘာသာ ဘယ်လိုကုစားကြမလဲ။
ဒိုင်ယာယီရေးတတ်တဲ့အကျင့်ရှိသူတွေကစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ ခံစားချက်တွေအားလုံးကို ဒိုင်ယာရီ စာအုပ်ထဲမှာဖြစ်ဖြစ် ၊ဗလာစာအုပ်တစ်အုပ်ထဲမှာဖြစ်ဖြစ် နေ့စဉ် ချရေးပါ။

ပန်းပင်တွေချစ်တတ်တဲ့သူတွေကပန်းပင်တွေရေလောင်းပါ။

ကိုယ်စိတ်ဝင်စားတဲ့ဘာသာစကားသင်တန်းတစ်ခုခု ၊ ကွန်ပျုတာသင်တန်း ၊ ပန်းချီ အနုပညာ သင်တန်း တစ်ခုခု တက်ပြီးတစ်ခုခုကိုလေ့လာသင်ယူလိုက်ပါ။

စိတ်ထဲမှာဝမ်းနည်းစိတ်တို့ကြီးစိုးလာ တဲ့အခါမျိုးမှာ ၊ စိတ်ဓါတ်ကျလာတဲ့အခါမျိုးမှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ စာအုပ်တစ်အုပ် သို့မဟုတ်ဟာသရုပ်ရှင်ကား နဲ့ အချိန်ကုန်စေမယ်စသဖြင့်ကိုယ်စိတ်ဝင်စားမယ်အရာတခုခုကိုစိတ်ကိုနှစ်လိုက်မယ်ဆိုအသဲကွဲရောဂါဆိုတဲ့စိတ်ခံစားမူပျောက်နိုင်ပါသည်။

နောက်ဆုံးတချက်အနေနဲ့အသဲကွဲခြင်းဟာရောဂါတမျိုးဆိုတာတော့ဟုတ်ပါသည်။ဒါပေမယ့်အသဲကွဲလို့ဘ၀ကိုတော့မပျက်ပါစေနဲ့အသက်ကိုတော့မဆုံးရှုံးစေပါနဲ့။

ဒီအသက် ဒီခန္တာ ဒီစိတ်ကို သချိင်္ုင်းကိုမျက်စောင်းသုံးခါပစ်ပြီးမွေးခဲ့တဲ့အမေပေးခဲ့တယ်ဆိုတာသတိရပြီးကိုယ့်အသက်ကိုတန်ဖိုးထားတတ်ပါစေ။

အသဲကွဲသူများအတွက်သတိပေးရေးသားလိုက်ရခြင်းဖြစ်ပါတော့သည်။



လေးစားလျက်
ရှင်းသန့်မေ

No comments:

Post a Comment