Monday, December 8, 2014

ချစ်သူပုံရိပ်


ချစ်သူကိုမြတ်နိုးလို့
ပန်းချီရေးကြည့်တယ်
ကိုယ်ရေးဆွဲတဲစုတ်ချက်က့
မင်းရဲ့ပုံရိပ်ကိုပီပြင်အောင်
မရေးဆွဲနိုင်ပါလားကွယ်။
ချစ်သူမျက်နှာလေးကို
ပန်းပုထုကြည့်တယ်
ကိုယ်ထုဆစ်တဲ့ရုပ်ထုက
မင်းအပြုံးကို ပေါ်လွင်အောင်
မထုဆစ်နိုင်ပါလားကွယ်….
မင်းကိုချစ်တာကို
ကဗျာရေးကြည့်တယ်
ကိုယ်ရေးစပ်တဲ့ ကာရန်တွေက
မင်းအချစ်ကိုမှီအောင်
မဖွဲ့နွဲ့နိုင်ပါလားကွယ်
မင်းကိုလွမ်းလို့
တေးဆိုကြည့်မိတယ်
ကိုယ်ဆိုညည်းတဲ့ သံစဉ်တွေက
ကိုယ့်လွမ်းဆွတ်မှုတွေကို
မင်းသိအောင်
မသီကျူးနိုင်ပါလားကွယ်
ဘယ်လိုပဲဖြစ်ဖြစ်
မင်းကိုချစ်တာ
မင်းကိုလွမ်းတာ
မင်းကိုမြတ်နိုးတာကို
ကိုယ်ဆက်လက်ထုဆစ်နေမိအုန်းမှာပါ
ချစ်သူရယ် ။
လေးစားလျက်
ရှင်းသန့်မေ

No comments:

Post a Comment