Monday, December 8, 2014

ဘာလိုသေးလဲအချစ်ရယ်


လာပါ အချစ်ရယ်
မင်းကဗျာတွေကို ငါကရေးပြီး
ငါ့ တေးတွေကိုမင်းကဆိုပေးလေ.
ဟောသည်
စမ်းချောင်းနံဘေးမှာ
တစ်ယောက်ရင်ခုန်သံ
တစ်ယောက်နားထောင်ရင်း
အတူတူ ခိုလှုံခဲ့ကြတာပေါ့.
တို့ရင်ခုန်သံအားလုံးဟာ
ဒီနေ့ မနက်ဖန်
အနာဂတ် ပစ္စုပ္ပန်အားလုံး
မင်းနှလုံးသားမှာ
ပန်းတပွင့်လို ပွင့်စေမယ်
မင်းရင်ခွင်ဦးမှာ
ငါ့နဖူးကို မှေးတင်ချင်မှေးတင်မယ်
တခါတလေလည်း
ငါ့ရင်ခွင်မှာ မင်းက ခေါင်းအုံးရင်း
တစ်ယောက်ရဲ့အချစ်ရိပ်တွေကို
တစ်ယောက်ဖတ်ကြတာပေါ့
ဟောသည်
ပင်လယ်ကြီးကဘယ်လောက်ကျယ်ပါစေ
ကောင်းကင်ကြီးဘယ်လောက်မြင့်ပါစေ
ငါတို့ ချစ်ခြင်းများနဲ့ကျော်ဖြတ်ကျတော့ပေါ့
ကဲ ...နောက်ထပ် ဘာလိုသေးလဲအချစရယ် ။
လေးစားလျက်
ရှင်းသန့်မေ

No comments:

Post a Comment