Monday, December 8, 2014

ပန်းသီးလေးသာဖြစ်မယ်ဆိုရင်


ဘုရားသခင် ဖန်ဆင်းလိုက်တဲ့
ချစ်သူဟာငါ့အတွက်
အာဒံဖြစ်သလို
ငါ့အတွက်
နံရိုးတစ်ချောင်းလည်းဖြစ်ရဲ့
ချစ်သူရယ်
မင်းကသာထာဝရပါလို့ပြောရင်
ကိုယ်ဟာသက်ဆုံးတိုင်
မင်းရဲ့ကျွန်ဖြစ်လိုက်ချင်မိသူပါ
ချစ်သူရယ်
မင်းကသာထာဝရ
ချစ်တယ်လို့ပြောရင်
ကိုယ်ကထာဝရထက်တစ်ရက်
ပိုချစ်မိသူရယ်ပါ။
ချစ်သူရယ်
ရင်ထဲကနှလုံးသားသာ
ပန်းသီးတစ်လုံးဖြစ်ခဲ့မယ်ဆိုရင်
ဧဝကအာဒံကိုကျွှေးသလို
တကိုက်ဖြစ်ဖြစ်
ချစ်သူကိုကျွေးချင်ပါတယ် ချစ်သူရယ်။


လေးစားလျက်
ရှင်းသန့်မေ

No comments:

Post a Comment