Monday, December 8, 2014

မြတ်နိုးလျက်ပါ ချစ်သူ


လွမ်းတဲ့စိတ်တွေ နဲ့
မပျော်ဘူး
တမ်းတစိတ်ကြောင့်
မျှော်နေမိတယ်
မေတ္တာမှန် ရောင်ပြန်ဟပ်တယ်ဆိုတဲ့
နှစ်သိမ့် စကားကြားမှာ
နင့်တုန့်ပြန်မူကို
စောင့်စားနေတုန်းပဲ
ရင်ခုန်သံစည်းချက်တွေက
နှလုံးသားမှာ ပဲ့တင်သံညံနေတယ်
စုံလုံးကန်းသွားအောင်
ငါ့မျက်ဝန်းတွေကို
နင့်ချစ်ခြင်းတွေနဲ့ပိတ်ခဲ့ပေမဲ့
ငါ့မျက်ရည်စက်ကလေးတွေကို
နင့်နှလုံးသားကမမြင်နိုင်ရတာလဲ
အလွမ်းပုံရိပ်တွေက
အမှတ်တမဲ့ နဲ့ သက်ဝင်လှုပ်ရှားလာခဲ့တာမဟုတ်ဘူ့း
အချစ်နဲ့ ဘ၀ကြားက
ခါးသက်စရာ ရွေးချယ်မှုတွေက
တခဏတာ ဖြစ်တည်လာခဲ့တာမဟုတ်ဘူး
နင်အမုန်းပေးရင်လည်း ငါခံယူလျက်ပဲ
နင်အရှုံးပေးရင်လည်း ငါချစ်လျက်ပဲ
ဝေဒနာသက်သက် ဆိုလည်း
ရင်မှာ ဘယ်လောက်အနေခက်ခက်
ငါမြတ်နိုးဆဲပါပဲချစ်သူ။
လေးစားလျက်
ရှင်းသန့်မေ

No comments:

Post a Comment