Friday, February 17, 2012

***မမေ့သင့်တဲ့နေ့လေး...တစ်နေ့***


သူငယ်ချင်းရေ....

ဖေဖေါ်ဝါရီ 14 ရက်က

ချစ်သူများနေ့တဲ့လား

အနောက်နိုင်ငံက အစပြုခဲ့တဲ့

နေ့ရက်တစ်ရက်

မြန်မာ့ယဉ်ကျေးမှု မဟုတ်ဘူး

မြန်မာတွေအထိမ်းအမှတ်နေ့မဟုတ်ဘူး

ငါတို့ရဲ့ချစ်ခင်လေးစားရတဲ့

ငါတို့ရဲ့ဖခင်

ငါတို့အတွက်အသက်ပေးသွားတဲ့

တို့ပြည်ချစ်ဖခင်

လွန်ခဲ့တဲ့နှစ်ပေါင်း(96)နှစ်က

ဖေဖေါ်ဝါရီ13ရက်နေ့မှာမွေးဖွား

တို့တိုင်းပြည်လွတ်လပ်ရေးအတွက်

အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်

တို့ရဲ့ မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့

ချစ်ဖို့မေ့နေကြတာ

ရင်နာလိုက်တာကွယ်

ဖေဖေါ်ဝါရီ 13ရက်နေ့ကို

မမေ့ကြပါနဲ့

တိုင်းတပါးယဉ်ကျေးမူ

ဖေဖေါ်ဝါရီ14ရက်နေ့ကိုသတိရသလို

သူရှေ့ကဖေဖေါ်ဝါရီ 13ရက်နေ့

ဗိုလ်ချုပ်ဖခင်ကြီးမွေးနေ့ကိုတော့

မမေ့သင့်ပါဘူးကွာ...။
ဖေဖေါ်ဝါရီဆယ့်သုံးမှာဗိုလ်ချုပ်မွေးနေ့ပါ။

လေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment