Sunday, February 5, 2012

****မေမေအပြုံးကမ္ဘာပေါ်မှာအလှဆုံး****



သူ၏လက်ဖြင့်
ပွတ်ကာချော့မြူ
သံသာသာသူအသံဖြင့်
ကြည်သာသီကျုး
သားချော့တေးကို
သီဆိုပေးခဲ့။
သူ၏လက်ဖြင့်
သည်ပုခက်ကို
လွှဲပေးခဲ့ပေ။

ဘ၀လောကဒဏ်
ရုန်းကန်ရလည်း
တချက်မငြီး
အိမ်မူကိစ္စ
အ၀၀ကို
သူ၏လက်ဖြင့်
လျှော်ဖွတ်ကျွေးမွေး
သားသမီးအပေါ်
ချစ်မပြယ်သော
သူအကြင်နာ
သားသမီးလူလားမြောက်သော်
သူမျက်နှာဝယ်
ကြည်နူးပီတိ
ကြည်လင်ပြုံးရိပ်
တဖိတ်ဖိတ်
သူ၏အပြုံးသည်ကမ္ဘာပေါ်မှာအလှဆုံးဖြစ်လိမ့်မည်ထင်.။

No comments:

Post a Comment