Monday, February 17, 2014

ထပ်တူကျတဲ့ဆန္ဒ



ပန်းခင်းလမ်း
မဟုတ်ပေမဲ့
ငြိမ်းချမ်းမှု့ တွေနဲ့ 
သာယာစိမ်းစိုတဲ့
လမ်းတခု
တွဲလက်ယှဉ်ပြီး
လျှောက်လိုက်ချင်ရဲ့။

ပန်းခင်းလမ်း
မဟုတ်ပေမဲ့
အေးချမ်းမှု့ တွေနဲ့ 
သာယာစိုပြေတဲ့
လမ်းတခု
အတူယှဉ်တွဲပြီး
လျှောက်လှမ်းလိုက်ချင်ရဲ့။

ပန်းခင်းလမ်း
မဟုတ်ပေမဲ့
အေးအတူပူအမျှ့နဲ့
သာယာလှုပတဲ့
ဘဝလမ်းတခု
တွဲလက်ယှဉ်ပြီး
တည်ဆောက်လိုက်ချင်ရဲ့။

အလှမ်းဝေးတဲ့
တို့နှစ်ယောက်
စိတ်ကူး ပီတိတွေနဲ့ 
စိတ်ထဲ ဖြစ်ပေါ်လာတာတဲ့
အချစ်အိမ်မက်တွေနဲ့အတု
မပြောင်းလဲတဲ့
အချစ်ခံစားမှု
ချစ်သူနဲ့ နှစ်ကိုယ်တွဲ
လျှောက်ချင်တဲ့ ဆန္ဒ
တူနှစ်ကိုယ်စိတ်မှာ
ထပ်တူကျနေခဲ့တယ်။

လေးစားလျက်
ရှင်းသန့်မေ

No comments:

Post a Comment